News

POST TYPE

VIDEO

ကျိုင်းတုံတွင် ပထမဆုံးအကြိမ် Youth Leadership Forum ကျင်းပ
04-Dec-2017 tagged as

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့ စည်ပင်သာယာခန်းမဆောင်မှာ ဒီဇင်​ဘာလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ရှမ်းပြည်နယ် အရှေ့ပိုင်း လူငယ်ကွန်ရက်အဖွဲ့က ဦးဆောင်ပြီး ပထမဆုံးအကြိမ် Youth Leadership Forum ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

ပြည်နယ်အတွင်းရှိ လူငယ်များအနေနဲ့ ဒေသအကျိုးနဲ့လူငယ်များအကျိုးကို ပူးပေါင်းဆောင်ရွက်လိုစိတ်များ ရှိလာစေရန်အပြင် အနာဂတ်မှာ လူငယ်ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာစေဖို့အတွက် ယင်းဖိုရမ်ကို ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး လူငယ် ၁၀၀ ခန့်တက်ရောက်ခဲ့ကြပါတယ်။

ပြည်နယ်အဆင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ ရုံးစိုက်တဲ့ ကျိုင်းတုံမြို့မှာ ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းက လူငယ်ကွန်ရက်ကို စတင်ဖွဲ့စည်းခဲ့ပြီး အမှတ်(၄)ရပ်ကွက်မှာ လူငယ်စင်တာ ဖွင့်လှစ်ထားကာ လူမှုအကျိုးပြု လုပ်ငန်းများ အပါအဝင် လူငယ်အရေး လှုပ်ရှားမှုတွေကို အဖွဲ့ဝင် ၃၀၀ ကျော်အနက် အမာခံလူငယ် ၂၀ ဦးနဲ့ ဆောင်ရွက်ပေးနေတယ်လို့ လူငယ်ကွန်ရက်အဖွဲ့ဝင် မခင်မြတ်မွန်က ပြောဆိုပါတယ်။




  • TAGS