News

POST TYPE

VIDEO

ဘုရားထီးတော်တင်ပွဲနဲ့ သိမ်သမုတ်ပွဲ
30-Oct-2017 tagged as

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် မိုင်းလပ်ကျေးရွာအုပ်စုမှာရှိတဲ့ ဝမ်တုံကျေးရွာမှာ ထိုင်းနိုင်ငံသားအလှူရှင်များက ဘုရားနဲ့သိမ်ကျောင်းများ ဆောက်လုပ်လှူဒါန်းထားတဲ့အတွက် ယနေ့ (အောက်တိုဘာ ၃၀ ရက်) နံနက် ၉ နာရီကစတင်ပြီး ဘုရားထီးတော်တင်ပွဲနဲ့ သိမ်သမုတ်ပွဲ ကျင်းပခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ သာသနာပြုနေတဲ့ အဆိုပါကျေးရွာ ဒေသခံ ဦးဇင်းငယ်တစ်ပါးရဲ့ ဒါယကာ၊ ဒါယိကာမတွေရဲ့ စုပေါင်းလှူဒါန်းမှုနဲ့ ဘုရား၊ သိမ်ကျောင်းတွေကို ထိုင်းပညာရှင်များက ထိုင်းယဉ်ကျေးမှု လက်ရာများအတိုင်း လာရောက်ဆောက်လုပ် လှူဒါန်းပေးတာဖြစ်ပြီး ဘုန်းတော်ကြီးကျောင်းတစ်ခုပါ ထပ်မံ ဆောက်လုပ်ဖို့ လုပ်ဆောင်နေတယ်လို့ ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး (သူကြီး) ဦးစိုင်းကျောက်လိတ်က ပြောပါတယ်။

အဆိုပါ ဘုရား၊ သိမ်ကျောင်းများကို ၂၀၁၆ ခုနှစ်က စတင်ပြီး ထိုင်းအလှူရှင်များရဲ့ လှူဒါန်းမှုနဲ့ ဆောက်လုပ်ခဲ့တာဖြစ်တဲ့အပြင် ထိုင်းနိုင်ငံမှာ ထုလုပ်ထားတဲ့ ဗုဒ္ဓဘုရား ဆင်းတုတော်များကိုပါ ပူဇော်ထားရှိကြောင်း၊ လက်ရှိအချိန်မှာ ကုန်ကျမှု အသေးစိတ်ကို တွက်ချက်နိုင်ခြင်း မရှိသေးပေမယ့် ခန့်မှန်းကုန်ကျငွေ ဘတ်သိန်းထောင်ချီ ရှိနိုင်မယ်လို့ ထိုင်းနိုင်ငံမှာ သာသနာပြုနေတဲ့ အဲဒီရွာဒေသခံ ဦးဇင်းလေး တုရီက မိန့်ဆိုပါတယ်။


ရုပ်/သံ - ရန်နိုင်


  • TAGS