News

POST SECTION

TRAVEL-LOG

လူကို လူလိုဆက်ဆံပြီး နိုင်ငံတွေ၊ အသားအရောင်တွေပေါ် ခွဲခြားဆက်ဆံခြင်း မရှိပါ။ ဒါပေမဲ့ လေယာဉ်ကွင်းကတော့ နိုင်ငံတကာ အဆင့်မီ သုဝဏ္ဏဘုမိ မဟုတ်ဘဲ ကွင်းဟောင်း ဒေါင်း မောင်းကနေ ထွက်ခွာရမှာတဲ့။ ပိုတောင်ကောင်းသေး။ စာအုပ်အတုကိုင်ပြီး နော်ဝေကို ထွက်ခါစနှစ်တွေက မကြာခဏ အရစ်ခံရဖူးတာကိုတောင် ပြန်လွမ်းမိပါရဲ့။
03-Oct-2017 tagged as
ပွင့်လင်းရာသီနှင့်အတူ အောက်တိုဘာလသည် ပြည်တွင်းနှင့်ပြည်ပ ခရီးသည်များ လာရောက်လည်ပတ်သော အချိန်အခါတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံ၏ ခရီးသွားရာသီအဖွင့်က အေးချမ်းလှသော ဆောင်းကာလနှင့်အတူ စတင်လိုက်ခြင်းဖြစ်ပြီး ဝါလကင်းလွတ် သီတင်းကျွတ်ရာသီကလည်း မြန်မာ့လူမျိုးတို့အတွက် လွတ်လပ်သော စိတ်တံခါးကို ဖွင့်ပေးပြီး ဖြစ်သည်။ ထိုကာလအတွက် ပြည်တွင်းခရီးသွားဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများက ခရီးသည်များကို စောင့်ကြိုလျက် ရှိသည်။
03-Oct-2017 tagged as
သီတင်းကျွတ်ပိတ်ရက် ရှည်သော်လည်း မအားလပ်၍ အချိန်အများကြီးပေးပြီး ခရီးသွားရန် အခက်အခဲရှိသူများ အနေနှင့်လည်း ရန်ကုန်မြို့မှ နေ့ချင်းပြန် ခရီးစဉ်များကို စဉ်းစားသင့်သည်။ ယင်းကြောင့် ရန်ကုန်မြို့မှ ညဘက်ထွက်ပြီး တစ်ရက်လုံး လည်ပတ်ကာ ညဘက်ရန်ကုန်သို့ ပြန်လာနိုင်သည့် ခရီးစဉ်များကို ဖော်ပြလိုက်ပါသည်။
20-Aug-2017 tagged as
တစ်နေ့အတွက် ဟိုတယ် အခန်းခ သုံးဒေါ်လာပဲ သုံးနိုင်သူ တစ်သန်းလာတာကို မျှော်မယ့်အစား တစ်နေ့ ဒေါ်လာတစ်ထောင် အခန်းခ သုံးနိုင်သူ တစ်သိန်းလာဖို့ကိုသာ မျှော်ထားတယ်။ ကျောပိုးအိတ် ခရီးသည်တွေအစား Package Tour တွေကိုသာ လက်ခံသင့်တယ်။ ထိုင်းကို ၃၃ သန်းလာတာကို ဂရုမစိုက်ဘူး။ မြန်မာဆီ သုံးသန်းပဲလာလည်း ကျေနပ်တယ်ဆိုပြီး အဲဒီပုဂ္ဂိုလ်က ပြောထားပါတယ်။
24-Apr-2017 tagged as အဲအေးရှား
အာရှတိုက်၏ အကြီးဆုံး တန်ဖိုးနည်းလေကြောင်းလိုင်း ဖြစ်သော အဲအေးရှားသည် မလေးရှားနိုင်ငံတွင် ကျင်းပမည့် ၂၉ ကြိမ်မြောက် ဆီးဂိမ်းနှင့် ၉ ကြိမ်မြောက် အာဆီယံမ သန်စွမ်းပြိုင်ပွဲတို့အတွက် ပြေးဆွဲပေးမည်ဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်းထံမှ သိရသည်။
14-Feb-2017 tagged as အဲအေးရှား Air Asia
စရိတ်သက်သာ လေကြောင်းလိုင်းတစ်ခု ဖြစ်သော AIR ASIA X သည် တန်ဖိုးနည်း ခရီးရှည်ဖြစ်သော မလေးရှားနိုင်ငံမှ အမေရိကန် ခရီးစဉ်ကို လာမည့် ဇွန်လမှ စတင်ပျံသန်းမည် ဖြစ်သည်။
18-Jan-2017 tagged as အဲအေးရှား
ထိုင်းနိုင်ငံအခြေစိုက် အဲအေးရှားလေကြောင်းလိုင်းက မန္တလေးနှင့် ဘန်ကောက်ခရီးစဉ်ကို ၂၀၁၇ ခုနှစ် မတ်လ ၁၇ ရက်မှစ၍ အထူးဈေးနှုန်းဖြင့် ပျံသန်းပေးမည် ဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်းက သတင်းထုတ်ပြန်သည်။
29-Dec-2016 tagged as
မြန်မာနိုင်ငံမှာ သင်္ကြန် ၁ဝ ရက်ကို နှစ်သစ်ကူး ဟောလီးဒေးအဖြစ် သတ်မှတ်ထားသလို ဥရောပမှာလည်း ခရစ္စမတ်နဲ့ နှစ်သစ်ကူး ကာလအဖြစ် သီတင်း တစ်ပတ်ခန့် ဟောလီးဒေး ရှိပါတယ်။
ကျွမ်းကျင်သူတွေ ဒီလမ်းတစ်လျှောက် ရောက်ဖူးမရောက်ဖူးနဲ့ သူတို့ပြောတာတွေကို သက်ဆိုင်ရာအစိုးရနဲ့ ဒေသခံအာဏာပိုင်တွေက လက်ခံ မခံတော့ ကျွန်တော်လည်းမသိပါ။ သူတို့ပြောတာကို လက်မခံလို့ဘဲ နှစ် ၂၀ လောက်အတွင်း သဘာဝတောတွေ ပျက်သုဉ်းပြီး နေရာတကာ ရော်ဘာဖြစ်သွားတယ်ဆိုရင် မမှားလောက်ပါ။
လှလိုက်တဲ့မြင်ကွင်း။ မြင့်မားလှတဲ့ နောက်ခံတောင်တန်းတွေပေါ် မြူခိုးတွေ ဆိုင်းနေပါတယ်။ ကြယ်နီတံဆိပ်ပါတဲ့ ဗိမာန် ဝန်းကျင်မှာတော့ ရာနဲ့ချီရှိတဲ့ အုတ်ဂူငယ်လေးတွေ အစီအရီ။ ကန်ချနပူရီ၊ သံဖြူဇရပ်တို့မှာ မြင့်ခဲ့ဖူးတဲ့ မဟာမိတ်စစ်သချုင်္ိင်းနဲ့ တူနေသလိုလို။ ‘ဗိမာန်တံခါးဝတွင် သော့ချိတ်ထားသည်’ ဆိုတဲ့ စာတန်းကိုမြင်တော့ အထဲထိ ဝင်ကြည့်ချင်စိတ် ပေါ်လာပါတယ်။
မြို့တော်ဝန် Ove Gundersen ရဲ့ မိန့်ခွန်းထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံကို သူ့မြို့မှာ ဖွင့်လှစ်ခွင့်ရတဲ့အတွက် အထူးဝမ်းသာကြောင်း၊ သူတို့မြို့ရဲ့ အကောင်းဆုံးနေရာကို ရွေးချယ်ပေးအပ်ခဲ့တာ ဖြစ်ပါကြောင်း