News

POST TYPE

TRAVEL LOG

မန္တလေး-ဘန်ကောက် ခရီးစဉ် အဲအေးရှားမှ အထူးဈေးနှုန်းဖြင့် ပျံသန်းမည်
18-Jan-2017 tagged as အဲအေးရှား

ဘန်ကောက်၊ ဇန်န၀ါရီ ၁၈

ထိုင်းနိုင်ငံအခြေစိုက် အဲအေးရှားလေကြောင်းလိုင်းက မန္တလေးနှင့် ဘန်ကောက်ခရီးစဉ်ကို ၂၀၁၇ ခုနှစ် မတ်လ ၁၇ ရက်မှစ၍ အထူးဈေးနှုန်းဖြင့် ပျံသန်းပေးမည် ဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်းက သတင်းထုတ်ပြန်သည်။

အဆိုပါ အစီအစဉ်အရ မန္တလေး-ဘန်ကောက် (ဒွန်းမောင်လေဆိပ်) ခရီးစဉ်ကို တစ်ရက်လျှင် ၂ ကြိမ် တိုးချဲ့ပျံသန်းရာတွင် ခရီးစဉ်တစ်ကြောင်းလျှင် အမေရိကန်ဒေါ်လာ ၅၀ မှ စတင်၍ ပြေးဆွဲပေးမည် ဖြစ်သည်။

ထိုင်းနိုင်ငံသားများ ယခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ အများဆုံး လာရောက်လျက်ရှိသည့်အပြင် နိုင်ငံ၏ အဓိကမြို့တော် မန္တလေးမြို့တွင် ရွှေနန်းတော်ကျောင်း၊ မဟာမြတ်မုနိဘုရား၊ ဦးပိန်တံတား ဆိုသည့် ထင်ရှားသော နေရာများအပြင် စေတီပုထိုးပေါင်း ၄၀၀၀ ကျော် ရှိသော ပုဂံဒေသသို့လည်း သွားရောက်နိုင်စေရန် ထိုသို့ ခရီးစဉ် တိုးချဲ့ခဲခြင်း ဖြစ်သည်။

အဆိုပါ ခရီးစဉ်အတွက် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်မှ ၂၉ ရက်အထိ ကြိုတင်လက်မှတ် ၀ယ်ယူနိုင်ပြီး ၂၀၁၇ ခုနှစ် မတ်လ ၁၇ ရက်မှ အောက်တိုဘာလ ၂၈ ရက်အထိ သွားလာနိုင်မည် ဖြစ်သည်။

လက်ရှိအချိန်တွင် ထိုင်းအဲအေးရှားသည် CLML နိုင်ငံများ ဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် နိုင်ငံများသို့ တစ်ရက်လျှင် ခရီးစဉ် ၁၉ ကြောင်းကို ပျံသန်းဝန်ဆောင်မှုပေးလျက် ရှိသည်။  

ခရီးစဉ်နှင့် ပတ်သက်၍ www.ariasia.com တွင် ကြိုတင်ဝယ်ယူနိုင်ပြီး အဲအေးရှား အချက်အလက်များအတွက် www.facebook.com/AirAsiaMyanmar တွင် follow လုပ်၍ ကြည့်ရှုလေ့လာနိုင်ပါသည်။