News

POST TYPE

TRAVEL LOG

သိထားသင့်သော နိုင်ငံများ၏ ထူးဆန်းသည့် အလေ့အထများ (မိုးစက်)
19-May-2018 tagged as



ခြင်မရှိသည့်နိုင်ငံ

ခြင်ဆိုသည်မှာ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဒုက္ခအပေးဆုံးသတ္တဝါဖြစ်သည်။ ကမ္ဘာပေါ်တွင် အန္တရာယ်အပေးဆုံးဟု သတ်မှတ်သည် ငါးမန်းက တစ်နှစ် ၁၀ ဦးနှုန်း သတ်နေသည်။ ရေမြင်းက တစ်နှစ် လူ ၅၀၀၊ ခွေး က တစ်နှစ် လူ ၂၅,၀၀၀၊ မြွေက လူ ၅၀,၀၀၀ ခန့် ဒုက္ခပေးနေသည်။

လူလူချင်းသတ်သောကြောင့် သေဆုံးနေကြရသည့်နှုန်းမှာ တစ်နှစ် ၄၇၅,၀၀၀ ဦးနှုန်းဖြစ်သည်။ သို့သော် ကမ္ဘာပေါ်တွင် ငှက်ဖျား၊ အသားဝါ၊ ငန်းဖျားစသည့် ခြင်ကြောင့်ဖြစ်သောရောဂါကြောင့် သေဆုံးနေကြရသူပေါင်းမှာ နှစ်စဉ် ၇၂၅,၀၀၀ ခန့်ဖြစ်သည်။

ခြင်မရှိသည့် နိုင်ငံအတော်လေးရှားသည်။ ခြင်ကြောင့်ဖြစ်ပွားတတ်သည့်ရောဂါများကို မကုရသည့် နိုင်ငံလည်းရှားသည်။ သို့သော် အိုက်စ်လန်း (Iceland) နိုင်ငံတွင် ခြင်လုံးဝမရှိဟု ဆိုသည်။ အိုက်စ်လန်းနှင့် ဂရင်းလန်းသည် ဆန့်ကျင်ဘက်ဖြစ်နေသည်။ အိုက်စ်လန်းတွင် စိမ်းစိမ်းစိုစိုတွေ့နိုင်သော်လည်း ဂရင်းလန်းတွင် နှင်းနှင့် ရေခဲတွေသာဖုံးနေသည်။ အိုက်စ်လန်းတွင် ခြင်မရှိ၊ မြက်တော့ရှိသည်။ ဂရင်းလန်းတွင် မြက်မရှိ၊ ခြင်ကရှိသည်။ ထူးဆန်းသည့်နိုင်ငံများဖြစ်သည်။ အိုက်စ်လန်းကိုသွားလျှင် ခြင်ထောင်ပေးပါဟု တောင်းဆိုရန်မလို။

E-01
(Ref: Strange Countries in World)

  • TAGS