News

POST TYPE

TRAVEL LOG

သိထားသင့်သော နိုင်ငံများ၏ ထူးဆန်းသည့် အလေ့အထများ (မိုးစက်)
19-May-2018 tagged as



မြက်မရှိတဲ့နိုင်ငံ

နိုင်ငံတိုင်းလိုလိုတွင် စိမ်းစိုသည့် မြက်ခင်းအလှများကို မြင်နိုင်သော်လည်း ကမ္ဘာပေါ်တွင် မြက်မရှိသည့် ထူးဆန်းသောနိုင်ငံတစ်နိုင်ငံလည်း ရှိနေသည်။ အပူပိုင်း သဲကန္တာရဒေသများတွင် မြက်မရှိဟုဆိုနိုင်သော်လည်း အစိမ်းရောင်မြက်သာ မရှိလျှင်နေရမည် မြက်ခြောက်တစ်မျိုးကတော့ ရှိကောင်းရှိနိုင်သည်။ ရေရှိမှ မြက်ပေါက်တတ်သည့် သဘာဝရှိသော်လည်း ရေရှိပြီး မြက်မပေါက်သည့်နိုင်ငံက ရှိနေသည်။

ဂရင်းလန်း (Greenland) ဆိုသည့်နိုင်ငံသည် စိမ်းလန်းသည့်နယ်မြေဆိုသော်လည်း မြက်မပေါက်ပေ။ ဂရင်းလန်းတွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA က ဘောလုံးကွင်းတစ်ကွင်း လာပြီးတည်ဆောက်ရာတွင် မြက်မရှိသောကြောင့် ဒုက္ခရောက်ခဲ့ရသည်ဟုဆိုသည်။ 

ဂရင်းလန်းသည် အမည်က စိမ်းသော်လည်း တစ်နိုင်ငံလုံးတွင် မြက်မရှိ။ နိုင်ငံ၏ ရာသီဥတုအနေအထားကြောင့် မြက်ပေါက်နိုင်သည့် အနေအထားမရှိခြင်းဖြစ်သည်။ ဂရင်းလန်းသည် ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နိုင်ငံလေးတစ်ခုဖြစ်သဖြင့် ကိုယ်ပိုင် ဘောလုံးကွင်း၊ ဘောလုံးအသင်း ထူထောင်မှ ဖြစ်တော့မည်။ သို့သော် မြက်မပေါက်သဖြင့် မလွတ်လပ်သယောင် လှောင်ပြောင်စရာဖြစ်နေသည်။ မည်သို့ဆိုစေ နည်းပညာကတော့ ဂရင်းလန်းကို အနေအထားတစ်ခုပြောင်းပေးမည် ထင်သည်။

E-01
(Ref: Strange Countries in World)


  • TAGS