News

POST TYPE

TRAVEL LOG

သိထားသင့်သော နိုင်ငံများ၏ ထူးဆန်းသည့် အလေ့အထများ (မိုးစက်)
19-May-2018



တံဆိပ်ခေါင်းပေါ်တွင် နာမည်မရှိသည့်နိုင်ငံ

ကမ္ဘာပေါ်တွင် တံဆိပ်ခေါင်းကို ကိုယ့်နိုင်ငံ၏အမည်ကို ထည့်သွင်းရိုက်နှိပ်ခြင်းမရှိသည့် တစ်ခုတည်းသော နိုင်ငံမှာ ဗြိတိန်နိုင်ငံဖြစ်သည်။ ကမ္ဘာကိုလွှမ်းမိုးခဲ့သော နေမဝင်အင်ပါယာကြီးတစ်ခုဖြစ်ခဲ့သောကြောင့် ကမ္ဘာအနှံ့သုံးစွဲနိုင်စေရန် ရည်ရွယ်ခဲ့လေသလားမသိ။ တံဆိပ်ခေါင်း စုဆောင်းခြင်းကို ဝါသနာပါသူများအနေနှင့် ဗြိတိန်တံဆိပ်ခေါင်းများအကြောင်း သတိပြုမိချင်မှ ပြုမိကြပေလိမ့်မည်။

၁၈၄၀ ခုနှစ်တွင် ဂရိတ်ဗြိတိန်၌ ပထမဆုံး တံဆိပ်ခေါင်းများ စတင်ထုတ်လုပ်အသုံးပြုခဲ့သည်။ စာတိုက်တွင် တံဆိပ်ခေါင်းများကို ပုံနှိပ်ထုတ်ဝေသုံးစွဲနိုင်ခဲ့သောကြောင့် ပြဿနာအတော်များများကို ဖြေရှင်းနိုင်ပြီး ဖြစ်ခဲ့ရသည်။ ဗြိတိန်တံဆိပ်ခေါင်း အများစုသည် လက်ရှိအုပ်စိုးနေသည့် ဘုရင်နှင့် ဘုရင်မပုံများဖြင့်သာ ထုတ်ဝေခဲ့သည်ကများသည်။ နှစ်ပေါင်းကြာ မြင့်စွာ ဗြိတိန်တံဆိပ်ခေါင်းများပေါ်တွင် ဘုရင်နှင့် ဘုရင်မပုံများသာ စိုးမိုးခဲ့သည်။ 

၁၈၇၄ ခုနှစ်ကတည်းက Universal Postal Union သည် ဂရိတ်ဗြိတိန်ကို နိုင်ငံအမည်မထည့်သွင်းဘဲ တံဆိပ်ခေါင်း ထုတ်ခွင့်ပြုထားသည့် တစ်ခုတည်းသော နိုင်ငံဖြစ်ခဲ့သည်။ ယနေ့ထက်တိုင်လည်း ဗြိတိန်သည် ထိုအစဉ်အလာကို ဆက်လက်ခံယူကျင့်သုံးလျက်ရှိသည်။ 

E-01
(Ref: Strange Countries in World)

  • VIA