POST TYPE

TRAVEL LOG

သိထားသင့်သော နိုင်ငံများ၏ ထူးဆန်းသည့် အလေ့အထများ (မိုးစက်)
19-May-2018



အစိုးရမရှိသည့်နိုင်ငံ

အချုပ်အခြာအာဏာပိုင်သည့်နိုင်ငံတစ်နိုင်ငံ ဖြစ်ရန်အတွက် အစိုးရရှိရမည်ဟုဆိုကြသည်။ အစိုးရကသာ နိုင်ငံ၏အရေးအရာကိစ္စများကို ဆောင်ရွက်ပိုင်ခွင့်ရှိသည်ဟုလည်း ပြောကြသည်။ ၂၀၁၁ ခုနှစ်တွင် ဘယ်လ်ဂျီယံနိုင်ငံ၌ ကမ္ဘာ့စံချိန်တင်နိုင်သည့်အဖြစ် တစ်ခုဖြစ်သွားသည်။ တရားဝင်အစိုးရအဖွဲ့ကို မထား၊ အစိုးရမရှိဘဲ ရပ်တည်နေနိုင်သည့် နိုင်ငံအဖြစ် မှတ်တမ်းဝင်သွားခဲ့ရသည်။

ဘယ်လ်ဂျီယံနိုင်ငံတွင် ၅၈၉ ရက် အစိုးရအဖွဲ့မရှိဘဲ ရပ်တည်ခဲ့သည်။ ဘယ်လ်ဂျီယံနိုင်ငံ၏ နိုင်ငံရေး သည် ဗဟိုဦးစီးချုပ်ကိုင်မှုမရှိဘဲ ဒေသဆိုင်ရာများကို အာဏာခွဲဝေပေးသည့် အစဉ်အလာရှိခဲ့သော နိုင်ငံဖြစ်သည်။ ထို့ကြောင့်လည်း နိုင်ငံအတွင်း မကြာခဏ ဆန္ဒပြပွဲများ နိုင်ငံရေးလှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့သည်။ ဗျူရိုကရက်အရာရှိတွေက အစိုးရအစား ဝင်ရောက်အုပ်ချုပ်ကြသည်။ ထို့ကြောင့်လည်း လမ်းများပေါ်တွင် စိတ်ကြိုက် ဆန္ဒပြချင်တိုင်း ပြနိုင်သည်။ 

ဆာဟာရအနောက်ပိုင်းသည် မော်ရိုကိုနိုင်ငံ တောင်ပိုင်းနှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး အယ်လ် ဂျီးယားနှင့် မော်ရီတေးနီးယားနိုင်ငံတို့နှင့်လည်း နယ်နိမိတ်ချင်း ထိစပ်နေသည်။ ဘယ်လ်ဂျီယံနိုင်ငံသည် ၁၈၈၄ ခုနှစ်က စပိန်နိုင်ငံ၏ ကိုလိုနီနိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် ကိုလိုနီလက် အောက်က လွတ်မြောက်ခဲ့ရသည်။ ၁၉၅၇ ခုနှစ်မှ လွတ်လပ်ရေးရခဲ့သောနိုင်ငံလည်း ဖြစ်သည်။ 

ဘယ်လ်ဂျီယံနိုင်ငံတွင်လည်း နယ်မြေဆိုင်ရာ အငြင်းပွားမှုများနှင့် ယှဉ်ပြိုင်တိုက်ခိုက်နေရမှုများရှိသည်။ ကုလသမဂ္ဂကလည်း ကြားဝင်ပေး၍ မရနိုင်သေး။ နိုင်ငံတည်ငြိမ်သောကြောင့်မဟုတ်၊ မတည်ငြိမ်ဘဲ အစိုးရမရှိသည့် နိုင်ငံအဖြစ် ထူးဆန်းစွာ တည်ရှိနေရသည်။

E-01
(Ref: Strange Countries in World)

  • VIA