News

POST TYPE

TRAVEL LOG

သိထားသင့်သော နိုင်ငံများ၏ ထူးဆန်းသည့် အလေ့အထများ (မိုးစက်)
19-May-2018



စစ်တပ်မရှိသည့် နိုင်ငံ

နိုင်ငံတိုင်းလိုလိုတွင် စစ်တွေဖြစ်နေကြသည်။ ၂၀၁၇ ခုနှစ်အထိ စစ်ပွဲတွေရှိနေသေးသည်။ ၂၀၁၈ ခုနှစ် အထိလည်း မရပ်သေး။ စစ်တွေတိုက်ပြီး ကျူးကျော်မှုတွေလုပ်နေသည်။ အသက်ပေါင်းများစွာ ပေးနေကြရသည်။ လူပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်နေကြရသည်။ 

နိုင်ငံတကာတွင် ကြည်း၊ ရေ၊ လေ တပ်တွေကို ဖွဲ့စည်းပြီး ကိုယ့်နိုင်ငံကာကွယ်ရေးဟုဆိုကာ ပြည်သူများထံက ဘဏ္ဍာငွေပေါင်းများစွာကို ထုတ်သုံးနေကြသည်။ ကော်စတာရီကာနိုင်ငံသည် ထိုသို့သောနိုင်ငံများနှင့် ပြောင်းပြန်ကွဲထွက်နေသည်။ ၁၉၄၈ ခုနှစ်က တည်းက စစ်တပ်လည်းမရှိ၊ စစ်သားလည်းမရှိတော့။ ထိုစဉ်က သမ္မတမှာ ဟိုဆေး ဖီဂူရပ်စ် ဖာရာဖြစ်သည်။ သူက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြင့် စစ်တပ်ကိုဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။ စစ်တပ်ကို ထူထောင်ထား မည့်အစား တိုင်းပြည်အကျိုးအတွက် ငွေတွေကိုပိုသုံးမည်ဟု သူက ခံယူသည်။ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုအတွက်ပိုသုံးပြီး ရဲတပ်ဖွဲ့လောက်သာ အကောင်းဆုံးဖြစ်အောင် ထူထောင်ပေးထားသည်။ 

စစ်တပ်မရှိသောကြောင့် ပြဿနာမရှိဟူ၍တော့ မပြောနိုင်ပေ။ အိမ်နီးချင်းနိုင်ကရာဂွါနှင့် နယ်စပ်ထိစပ်နေသည့် တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် မူးယစ်ဆေးကုန်ကူးမှုပြဿနာများ ရင်ဆိုင်နေရသည်။ မည်သို့ဆိုစေ ကော်စတာရီကာနိုင်ငံသည် ကမ္ဘာ့စစ်တပ်မရှိသည့် နိုင်ငံပေါင်း ၂၀ အတွင်း တစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့သည်။ သို့သော် သူ့နည်းသူ့ဟန်နှင့် ငြိမ်းချမ်းစွာရှိနေသည်သာဖြစ်သည်။

E-01
(Ref: Strange Countries in World)


  • VIA