POST TYPE

TRAVEL LOG

ကမ္ဘာ့ မပြီးဆုံးသေးသော စိတ်ဝင်စားဖွယ်နေရာများ
05-Apr-2018



Bara Kaman

ဒုတိယမြောက် အလီအဒေးလ်ရှားဘုရင်၏ ဂူဗိမာန်နေရာဖြစ်သည်။ ဘာရာကာမန်ဟု အမည်ပေးထားသည်။ ဘီဂျပါးပြည်နယ်တွင် အဒေးလ်ရှားမင်းဆက်၏ အဋ္ဌမမြောက် မင်းဆက်လည်းဖြစ်ပြီး ဒုတိယမြောက် နောက်ဆုံးမင်းဆက်အဖြစ် သိကြသည်။ အများအားဖြင့် သူ့ကို အိန္ဒိယတွင် ဝိဇယပူရမင်းဟု ခေါ်ကြသည်။ 

ဘာရာကာမန် ဂူဗိမာန်ကို အလှဆုံး အဆောက်အအုံကြီးတစ်ခုအဖြစ် တည်ဆောက်ရန် ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ ဘာရာကာမန်ဆိုသည်က အမိုး ၁၂ ခုဟု အမည်ရသည်။ အမိုးခုံး ၁၂ ခုဖြင့် ဗိမာန်ကြီးကို တည်ဆောက်ရန်ဖြစ်ပြီး အလယ်တွင် ဘုရင်၏ ရုပ်အလောင်းကိုထားကာ ဝန်းရံထားရန်ဖြစ်သည်။

၁၆၇၂ ခုနှစ်ကတည်းက စတင်တည်ဆောက်နေခဲ့သော်လည်း ပြီးဆုံးအောင် မတည်ဆောက်နိုင်ခဲ့ပေ။ အလီ အဒေးလ်ရှားကို သူ့ဖခင်ကိုယ်တိုင်က လုပ်ကြံသတ်ဖြတ်လိုက်သဖြင့် အဆောက်အအုံကြီးကို ပြီးစီးအောင် မတည်ဆောက်နိုင်ခြင်းဖြစ်သည်။ 

ဤဂူဗိမာန်ကြီးကို တည်ဆောက်ပြီးလျှင် ပြည်ပျက်မည်၊ အိန္ဒိယတို့လက်အောက်ကို ကျရောက်မည်ဆိုသည့် တဘောင်များ ပေါ်ပေါက်လာပြီးနောက် ဖခင်ဖြစ်သူက ဂူဗိမာန်ကြီး မပြီးစီးစေရန်အတွက် သားဖြစ်သူကို သတ်လိုက်ရခြင်းဖြစ်သည်။

ထိုဂူဗိမာန်ကြီးကို ယခုအခါ အိန္ဒိယနိုင်ငံ Archaeology Survey အဖွဲ့က ထိန်းသိမ်းစောင့်ရှောက်ထားပြီး မျက်နှာစာရှိ ဥယျာဉ်ကိုလည်း ပြုပြင်ပေးထားသည်။ လာရောက်သည့် ဧည့်သည်များသည် မပြီးဆုံးသေးသည့် ဗိမာန်ကြီးကို လှည့်လည်ကြည့်ရှုပြီး ရှေးခေတ် ဗိသုကာလက်ရာများကို အံ့ဩငေးမောခဲ့ရသည်။ 

E-01

(Ref: Unfinished Landmarks From Around The World)