News

POST TYPE

TRAVEL LOG

ကမ္ဘာ့ မပြီးဆုံးသေးသော စိတ်ဝင်စားဖွယ်နေရာများ
05-Apr-2018 tagged as



La Sagrada Familia

La Sagrada Familia ဘုရားရှိခိုးကျောင်းကြီးကို ၁၈၈၂ ခုနှစ်ကတည်းက တည်ဆောက်ခဲ့ကြသည်။ သို့သော် ယနေ့တွေ့မြင်နေရသည့် အနေအထားကိုပင် ၇၀ ရာခိုင်နှုန်းခန့်သာ ပြီးစီးခဲ့သည်ဟုဆိုသည်။ ဗဟိုတွင် မျှော်စင်ပေါင်း ခြောက်ခုကိုထည့်သွင်းထားပြီး နှစ်ပေါင်း ၁၃၀ ခန့် တည်ဆောက်ခဲ့သော်လည်း ပြီးစီးခြင်းမရှိခဲ့ပေ။ နောက်ထပ် တည်ဆောက်မည်ဆို လျှင်လည်း ပြီးစီးရန် ရာစုတစ်စုခန့် ထပ်ကြာနိုင်သေးသည်ဆိုသော်လည်း ယင်းအနေအထားအတိုင်းကိုပင် ကမ္ဘာလှည့်ခရီးသည်များ သွားရောက်လေ့လာနေကြသည်။

ရိုမင်ကက်သလစ်ဂိုဏ်း ဘုရားကျောင်းကြီးအဖြစ် စပိန်နိုင်ငံ၊ ဘာစီလိုးနားတွင် တည်ဆောက်ထားသော ယင်းကျောင်းတော်ကြီးသည် နှစ်စဉ် ဒေါ်လာ ၂၇ သန်းခန့်ဖြင့် ပြုပြင်လုပ်ဆောင်လျက်ရှိပြီး ထိုငွေများကို လာရောက်လေ့လာကြသည့်သူများထံက ဝင်ကြေးနှင့် ပုဂ္ဂလိကအလှူရှင်များ၏ အလှူငွေများနှင့် ဆက်လက်လုပ်ဆောင်နေသည်။ 

အမြင့်ဆုံး မျှော်စင်ကြီးသည် ၅၆၄ ပေရှိပြီး ဥရောပတွင် အမြင့်ဆုံး ဘုရားကျောင်း အဆောက်အအုံအဖြစ် စံချိန်ယူထားသည်။ ပုံမှန်အတိုင်းဆောက်သွားလျှင် လာမည့် ၂၀၂၆ ခုနှစ်မှ ပြီးစီးနိုင်ပြီး အတွင်းပိုင်း ပြင်ဆင်မွမ်းမံမှုများအတွက်မူ နှစ်ပေါင်းများစွာ အချိန်ယူရဦးမည်ဖြစ်သည်။

E-01

(Ref: Unfinished Landmarks From Around The World)

  • TAGS