News

POST TYPE

TRAVEL LOG

ကမ္ဘာ့ မပြီးဆုံးသေးသော စိတ်ဝင်စားဖွယ်နေရာများ
05-Apr-2018 tagged as



Crazy Horse အထိမ်းအမှတ် ကျောက်ဆောင်

South Dakota တွင် အလွန်ကြီးများသည့် တောင်ကြီးတစ်တောင်အား မျက်နှာပြင်အသွင် ပုံဖော်ထားသည်ကို ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားကြသည်။ Rushmore တောင်ကြီးကို မျက်နှာအသွင် ပုံဖော်ထားခြင်းဖြစ်ပြီး ထိုမျက်နှာပြင်ကြီးမှာ မပြီးဆုံးသေးသည့်အနေအထားဖြင့် ကျန်နေခဲ့သည်။ တောင်ဒါကိုတာရှိ Black Hill ဟုခေါ်သည့် ထိုတောင် မျက်နှာကြီးကို Crazy Horse အထိမ်းအမှတ်အဖြစ် ယနေ့တိုင် ထိန်းသိမ်းစောင့်ရှောက်ထားကာ လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေသည်။

Crazy Horse ပရောဂျက်ကို ၁၉၄၈ ခုနှစ်တွင် စတင်ခဲ့သည်။ ပန်းပုဆရာကြီး ဇော့ဇက် ဇီရောကော စကီးက ထိုမျက်နှာကြီးကို ထုလုပ်ခဲ့ခြင်းဖြစ်သည်။ အော့လာလာ လာကိုတာ လူမျိုးစုအကြီးအကဲ ဟင်နရီစတန်းဒင်းဘဲ ဆိုသူက ဇီရောကောစကီးကို ဖိတ်ခေါ်ပြီး မြောက်ပိုင်းရှိ အမေရိကန်တိုင်းရင်းသားများကို ဂုဏ်ပြုသည့်အနေနှင့် ရုပ်တုကြီးတစ်ခုကို ထုလုပ်စေခြင်းဖြစ်သည်။ ထိုမျက်နှာပိုင်ရှင်မှာ အမေရိကန် ရက်အင်ဒီးယန်း လာကိုတာ ခေါင်းဆောင် Crazy Horse ဆိုသူကို ကိုယ်စားပြုသည်။

၁၉၉၀ ပြည့်နှစ်တွင် ခရေဇီဟော့စ်မျက်နှာကြီးက ဘလက်ဟေးစ်တောင်ကြောပေါ်တွင် ရုပ်လုံးပေါ်လာသည်။ မျက်နှာကြီးတစ်ခုတည်းကပင် ၂၂ ထပ်စာ တိုက်လောက်ဖြစ်သည်။ နှစ်ပေါင်း ၇၀ လောက် ထုလုပ်ခဲ့ရသည့်မျက်နှာကြီးအတွက် ဖဲ့ထုတ်ခဲ့ရသော ကျောက်များကပင် တန်သန်းချီပြီး ရှိနေသည်။ ရုပ်တုကြီး ပြီးသွားလျှင် စုစုပေါင်းအမြင့်မှာ တိုက် ၆၄ ထပ်စာခန့်ရှိမည်ဟု ခန့်မှန်းသည်။ ခရေဇီဟော့စ်၏ မျက်လုံးတစ်လုံးကပင် ၁၇ ပေခန့်ကျယ်သည်။ ရုပ်တုထုလုပ်ခြင်းအတွက် ရန်ပုံငွေကို ကမ္ဘာလှည့်ခရီးသည်များထံက ဝင်ကြေးဖြင့်လည်းကောင်း၊ အလှူငွေများဖြင့်လည်းကောင်း လုပ်ဆောင်နေရသည်။ လက်မောင်းတစ်ဖက်ကို စတင်လုပ်ဆောင်နေပြီး ပြီးစီးရန် နောက်ထပ် နှစ်ပေါင်းများစွာ ကြာဦးမည်။

E-01

(Ref: Unfinished Landmarks From Around The World)

  • TAGS