News

POST TYPE

TRAVEL LOG

ကမ္ဘာ့ မပြီးဆုံးသေးသော စိတ်ဝင်စားဖွယ်နေရာများ
05-Apr-2018



Ta Keo ပုထိုးတော်ကြီး

Ta Keo ပုထိုးတော်ကြီးသည် တောင်ကြီးတစ်တောင်လို မြင့်မားသော ကမ္ဘောဒီးယားနိုင်ငံအန်ကာ ဘုရားကျောင်းတော်ကြီးတည်ရှိရာ ရှေးဟောင်းမြို့တော်တွင်ရှိသည်။ မျှော်စင်ကဲ့သို့သော မိုးထိုးနေသည့် အဆောင်ကြီးပေါင်း ငါးဆောင်ရှိပြီး ပိရမစ်ပုံစံအထက်ကို ချွန်သွားသည့်သဏ္ဌာန်ဖြင့် တည်ဆောက်ထားသည်။ 

အလွန်ကြီးများသည့် အဆောက်အအုံကြီးတစ်ခုအသွင် တည်ဆောက်သွားခြင်းဖြစ်ပြီး ပြီးဆုံးအောင် ဆောက်လုပ်သွားနိုင်ခြင်းမရှိပေ။ အကယ်၍ ပြီးဆုံးသွားလျှင် ကမ္ဘာ့အကြီးဆုံး ပုထိုးတော်ကြီးတစ်ခု ဖြစ်လောက်သည်။ 

မပြီးဆုံးသေးသော ပုထိုးတော်ကြီးဟုဆိုသော်လည်း အဝေးကပင် မြင်နိုင်လောက်အောင် မြင့်မားလှသည်။ ပင်မအဆောင်မှ မျှော်စင်ကြီးဆိုလျှင် အထပ်ငါးထပ်ရှိပြီး နောက်ဆုံးအဆင့်အမြင့်အထိ ၄၆ ပေရှိသည်။ ကျန်မျှော်စင်များထက်လည်း မြင့်မားသည်။ ပုထိုးတော်ကြီးကို အောက်ခြေတွင် အုတ်ပတ်လည် အဆောက်အအုံထုထည်အဖြစ် တက်လာပြီးမှ အမိုးပေါ်တွင် မျှော်စင်ကြီးငါးခုကို တည်ဆောက်ထားခြင်းဖြစ်သည်။ ပတ်လည်တွင် အဆောက်အအုံထဲဝင်ရန် မုခ်ပေါက်များရှိသည်။

ပုထိုးတော်ကြီးကို သဲကျောက်များဖြင့်တည်ဆောက်ထားပြီး အဘယ်ကြောင့် ပြီးဆုံးအောင် မတည်ဆောက်သွားနိုင်ကြောင်း ယနေ့တိုင် အဖြေရှာမရဖြစ်နေသေးပေ။ အဆောက်အအုံအမိုးပေါ်ရှိ မျှော်စင်များကို မိုးကြိုးများ ထိမှန်ထားသည့် လက္ခဏာများလည်း တွေ့ရသည်။ ဒေသခံများက ကျိန်စာသင့်ထားသောကြောင့်ဟု ယူဆကြသည်။ အချို့ကလည်း ဘုရင်လေး ပဉ္စမမြောက် ဇယဗာမန်သည် ထိုပုထိုးတော်ကြီးကို တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး သူ၏ထီးနန်းကို မကာကွယ်နိုင်သဖြင့် အဆောက်အအုံကြီးလည်း မပြီးစီးခဲ့ဟု ဆိုကြသည်။ မပြီးသေးသည့် ပုထိုးတော်ကြီးအတိုင်းပင်လျှင် စိတ်ဝင်စားဖွယ်ဖြစ်သောကြောင့် ကမ္ဘာလှည့်ခရီးသွားများ လာရောက်လေ့လာကြည့်ရှုနေကြသည်။
E-01

(Ref: Unfinished Landmarks From Around The World)