News

POST TYPE

TEACHER'S VOICE

လက်ပံတန်းမြို့နယ် လက်ထောက်ပညာရေးမှူး အသတ်ခံရ
15-Oct-2018
လက်ပံတန်း၊ အောက်တိုဘာ ၁၅

ပဲခူးတိုင်း၊ သာယာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ဘီလင်းတန်းရပ်မီးရထားစက်ခေါင်းနှင့်တွဲပြင်ရုံအနီးတွင် အောက်တိုဘာ ၁၅ ရက် နံနက် ၃ နာရီခန့်က လက်ပံတန်းမြို့နယ် လက်ထောက်ပညာရေးမှူး အသတ်ခံခဲ့ရကြောင်း လက်ပံတန်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ပံတန်းဘူတာရုံမှ လုံခြုံရေးတာဝန်ကျ ဦးဝင်းဇော်က အမှတ် ၁၉ မီးရထားတပ်ဖွဲ့ခွဲ မီးရထားစက်ခေါင်းနှင့် တွဲပြင်ရုံအနီးတွင် လူတစ်ဦး သွေးထွက်ဒဏ်ရာများဖြင့် လဲကျနေသည်ကိုတွေ့ရကြောင်း သတင်းပို့သဖြင့် ရထားတပ်ဖွဲ့မှ ရဲတပ်ကြပ်မြင့်ဌေးနှင့် တာဝန်ကျတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာမှ နံပါတ်မပါသည့် ဆိုင်ကယ်တစ်စီးနှင့် ဝဲဘက်လည်ပင်းတွင် ပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေရှိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

“သေဆုံးသူအနီးမှာ မှတ်ပုံတင်နဲ့ ယာဉ်မောင်းလိုင်စင်တွေ့လို့သာ လက်ပံတန်းမြို့နယ် ပညာရေးမှူးရုံးက လက်ထောက်ပညာရေးမှူး ဦးကျော်သန်းဖြစ်တယ်ဆိုတာသိရတာ”ဟု အဆိုပါအရာရှိက ရှင်းပြသည်။

သေဆုံးမှုနှင့်ပတ်သက်၍ အမှတ် ၁၉ ရထားရဲတပ်ဖွဲ့ တပ်စု ၂ မှ မှုခင်းကျဆင်းရေးအဖွဲ့ခေါင်းဆောင် ရဲတပ်ကြပ်မြင့်ဌေးက တရားလိုပြုလုပ်တိုင်ကြားထားသဖြင့် လက်ပံတန်းမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပေးထားပြီး ကျူးလွန်သူကိုဖမ်းမိနိုင်ရန် ရှာဖွေနေကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-19