News

POST TYPE

TEACHER'S VOICE

ဝမ်းတွင်းမြို့၌ ဆယ်တန်းကျောင်းသားချင်း ဓားထိုးမှုဖြစ်
07-Oct-2018
မိတ္ထီလာ၊ အောက်တိုဘာ ၆

မန္တလေးတိုင်း ဝမ်းတွင်းမြို့ သဲတော အမှတ် ၂ ရပ်ကွက်ရှိ ဘော်ဒါဆောင်တစ်ခု၌ အောက်တိုဘာလ ၅ ရက် ညနေပိုင်းက ဆယ်တန်းကျောင်းသားချင်း ဓားထိုးမှုဖြစ်ခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။ 

ယင်းနေ့ ညနေ ၆ နာရီခန့်အချိန်က ပန်းကံ့ကော်ဘော်ဒါဆောင်၌ ပညာသင်ယူနေသော အသက် ၁၆ နှစ်အရွယ် ဆယ်တန်းကျောင်းသားနှစ်ဦး ခိုက်ရန်ဖြစ်ခဲ့ကြောင်း၊ လက်ရှိတွင်ဓားထိုးခံရသော ကျောင်းသားကို မိတ္ထီလာဆေးရုံသို့ အတွင်းလူနာအဖြစ်ပို့ထားရကြောင်း ရဲမှတ်တမ်းအရ သိရသည်။ 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ထိခိုက်ဒဏ်ရာများရရှိအောင် ပြုလုပ်ခဲ့သည့်ကျောင်းသားကို ဝမ်းတွင်းမြို့မ ရဲစခန်းက (ပ)၂၄၇/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ-၃၂၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ယင်းရဲစခန်းထံမှသိရသည်။

R-01