News

POST TAGGED AS

DISASTER2016

01-Aug-2016

ရပ်ကွက် disaster2016
နံ့သာရေတံခါး ရေစလွှတ်၊ ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခိုင်း
ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ နံ့သာရေတံခါးမှ ယနေ့(ဩဂုတ် ၁ ရက်) နံနက် ၁၀ နာရီခန့်က ရေစလွှတ်လိုက်သဖြင့် တံခွန်တိုင် နံ့သာရပ်ကွက်အတွင်း နေထိုင်သူများကို ဘေးလွတ်ရာသို့ အမြန်ရွှေ့ပြောင်းခိုင်းလျက်ရှိကြောင်း အဆိုပါ ရပ်ကွက်တွင် နေထိုင်သူများက ပြောကြားသည်။ 

လက်ရှိတွင် ရပ်ကွက်အတွင်း ရေအမြင့်ပေက နှစ်ပေခွဲခန့်မှ သုံးပေခန့်အထိ ရှိပြီး ထပ်မံ၍ ငါးပေခန့်အထိ မြင့်တက်နိုင်ကြောင်း အဆိုပါ ရပ်ကွက်အတွင်း ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူများထံမှ စုံစမ်းသိရှိရသည်။

ဓာတ်ပုံ - နေလင်း





FOLLOW US