News

POST TAGGED AS

ZIDANE

ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းသည် လက်ရှိနွေဈေးကွက်အတွင်း ကစားသမားသစ်ခေါ်ယူရေးဆိုင်ရာကိစ္စရပ်များအတွက် အသင်းဥက္ကဋ္ဌ ပီရက်ဇ်နှင့် သဘောထားကွဲလွဲမှုများရှိခဲ့ခြင်းကြောင့် အဆုံးသတ်တွင် ရာထူးနုတ်ထွက်ရန် ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ခြင်းဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
31-May-2018 tagged as Soccer La Liga Real Madrid Zidane
ရီးရဲလ်မက်ဒရစ်အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲတွင် သုံးနှစ်ဆက် ချန်ပီယံဖြစ်စေရန် စွမ်းဆောင်ပေးခဲ့သော နည်းပြ ဇီဒန်းဟာ ရာထူးနုတ်ထွက်သည့် ဆုံးဖြတ်ချက်တစ်ရပ်ကို အံ့သြသင့်ဖွယ် ချမှတ်သွားခဲ့ပြီဖြစ်ပြီး လက်ရှိတွင် ဇီဒန်း၏နေရာကို အစားဝင်၍ ရီးရဲလ်မက်ဒရစ်နည်းပြသစ်ဖြစ်လာရန် အာဆင်နယ်နည်းပြဟောင်း အာဝင်ဝင်းဂါးက ထိပ်ဆုံးနေရာမှနေ၍ ရေပန်းစားနေကြောင်း Daily Star က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းသည် ယနေ့ညတွင် ယှဉ်ပြိုင်ကစားမည့် ဘာစီလိုနာနှင့် ရီးရဲလ်မက်ဒရစ်တို့ အယ်လ်ကလပ်စီကိုဒါဘီ စပိန်လာလီဂါပွဲစဉ်တွင် ပွဲအစ၌ ချန်ပီယံ ဘာစီလိုနာအသင်းကို ဂုဏ်မပြုရန် မည်သို့သောအကြောင်းအချက်များကြောင့် ဆုံးဖြတ်ခဲ့ရသည်ဆိုခြင်းကို ရှင်းပြသွားခဲ့ပြီး တစ်ပါးသူ၏အောင်မြင်မှုကို အသိအမှတ် မပြုတတ်သောအသင်းအတွက် ထပ်တူတုံ့ပြန်မှုကိုသာ ရရှိခြင်းပင်ဖြစ်သည်ဟု ဇီဒန်းက ပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းသည် လီဗန်တေးနှင့် ရီးရဲလ်မက်ဒရစ်တို့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည့် စပိန်လာလီဂါပွဲစဉ်အပြီးတွင် ၎င်းအနေနှင့် အသင်း၏စွမ်းဆောင်ရည်ကို လုံးဝပင် နားမလည်နိုင်တော့ကြောင်း ဝေဖန်ပြစ်တင်သွားခဲ့ပြီး လက်ရှိအခြေအနေများအရ ရီးရဲလ်မက်ဒရစ်မှာ လာမည့်ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲကို ပါဝင်ကစားခွင့်ရနိုင်ရေးအတွက် ခက်ခက်ခဲခဲ ကြိုးပမ်းရဖွယ်ရှိနေပြီဖြစ်ကြောင်း Marca က ဖော်ပြထားသည်။
25-Jan-2018 tagged as Soccer Real Madrid Zidane Leganes Copa Del Rey
ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းသည် လီဂါနက်စ်က ရီးရဲလ်မက်ဒရစ်ကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အပြီးတွင် အနာဂတ်ပိုမိုလှုပ်ခတ်သွားခဲ့ပြီဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ဒါရိုက်တာဘုတ်အဖွဲ့မှာ ဇီဒန်းကို သီတင်းနှစ်ပတ်မျှသာ အချိန်ထပ်မံပေးအပ်တော့ဖွယ်ရှိကြောင်း AS က ဖော်ပြထားသည်။
23-Jan-2018 tagged as Soccer Zidane PSG Ligue
ပီအက်စ်ဂျီအသင်းတာဝန်ရှိသူများသည် ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းကို ခေါ်ယူရန် ဆက်သွယ်ကမ်းလှမ်းနေပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်နေပြီဖြစ်ပြီး အသင်းရှိ ကစားသမားအစုအဖွဲ့ကို ဦးဆောင်ရန်အတွက် ထိပ်တန်းအဆင့်နည်းပြတစ်ဦးကို ခေါ်ယူမှသာ အဆင်ပြေနိုင်လိမ့်မည်ဟု ပီအက်စ်ဂျီအသင်းတာဝန်ရှိသူများက ယူဆနေပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
09-Jan-2018 tagged as Soccer La Liga Real Madrid Zidane
ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းသည် ၎င်းအနေနှင့် လက်ရှိရာထူးတွင် ၁၀ နှစ်ခန့်ရှိနိုင်လိမ့်မည်မဟုတ်ဟု အသိပေးသွားခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းကို တာဝန်ယူဦးဆောင်ရသည်မှာ နာမည်ကျော်နည်းပြများအတွက်ပင် မလွယ်ကူကြောင်း ဇီဒန်းက ပြောကြားသွားခဲ့သည်ဟု Marca က ဖော်ပြထားသည်။
08-Jan-2018 tagged as Soccer La Liga Real Madrid Zidane
ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းသည် ဆဲလ်တာဗီဂိုနှင့် ရီးရဲလ်မက်ဒရစ်တို့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည့် စပိန်လာလီဂါပွဲစဉ်အပြီးတွင် သတင်းစာရှင်းလင်းပွဲအခမ်းအနားတက်ရောက်၍ သတင်းမီဒီယာများကို မေးခွန်းများ ဖြေကြားပေးခြင်း မရှိခဲ့ဘဲ အသင်းသားများနှင့် အချိန်အတန်ကြာတွေ့ဆုံကာ အသင်း၏လက်ရှိအခြေအနေများကို ဆွေးနွေးစကားပြောဆိုသွားခဲ့ကြောင်း Marca က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်နှင့် နည်းပြ ဇီဒန်းတို့သည် ချယ်လ်ဆီးတိုက်စစ်တောင်ပံကစားသမား ဟားဇတ်ကို ခေါ်ယူရန်အတွက် ချိတ်ဆက်စကားပြောဆိုမှုများ ရှိနေပြီဖြစ်ကာ ဟားဇတ်ဘက်က ရီးရဲလ်မက်ဒရစ်ထံသို့ ပြောင်းရွှေ့လိုကြောင်း တရားဝင် အသိပေးခဲ့ပါက လာမည့် ၂၀၁၈ ခုနှစ် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ဟားဇတ်အပြောင်းအရွှေ့အတွက် ချယ်လ်ဆီးနှင့် ပြောင်းရွှေ့ကြေးညှိနှိုင်းရန် ရီးရဲလ်မက်ဒရစ်ဘက်က စီစဉ်သွားတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းသည် အသင်းအဓိကတိုက်စစ်မှူးများဖြစ်ကြသည့် စီရော်နယ်ဒိုနှင့် ဘင်ဇီးမားတို့ ဂိုးပေါက်ပျောက်နေသည့်ကိစ္စကို မစိုးရိမ်မိကြောင်း ဖွင့်ဟအသိပေးသွားခဲ့ပြီး ယင်းကစားသမားနှစ်ဦးလုံးမှာ ယုံကြည်ချက်ခိုင်မာသူများဖြစ်ကြသည့်အတွက် များမကြာမီအချိန်အတွင်း ဖိအားများအောက်မှနေ၍ ရုန်းထွက်လာနိုင်ကြလိမ့်မည်ဖြစ်သည်ဟု ဇီဒန်းက ပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။