News

POST TAGGED AS

YERRY MINA

အဲဗာတန်အသင်းသည် ဘာစီလိုနာနောက်ခံလူ မီနာကို ခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေးညှိနှိုင်းမှု အဆင်ပြေသွားခဲ့ပြီဖြစ်ပြီး အသင်းနှစ်သင်းအကြားတွင် မီနာအပြောင်းအရွှေ့အတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၂၈ ဒသမ ၄ သန်းဖြင့် သဘောတူညီမှုရခဲ့ခြင်းဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် ဘာစီလိုနာနောက်ခံလူ ယာရီ မီနာကို ခေါ်ယူရေးတွင် အဆင်မပြေမှုများဖြင့် ကြုံဆုံခဲ့ရခြင်းကြောင့် ဆွေးနွေးညှိနှိုင်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့သော မန်ယူအသင်းတာဝန်ရှိသူများကို ပြင်းပြင်းထန်ထန် ဒေါသပေါက်ကွဲနေကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူအသင်းသည် ဘာစီလိုနာနောက်ခံကစားသမား ယာရီ မီနာကို ခေါ်ယူရန်အတွက် ကစားသမားဖြစ်သူနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များ သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပြီး အသင်းနှစ်သင်းအကြားတွင် ပြောင်းရွှေ့ကြေးညှိနှိုင်းမှု အဆင်ပြေသည်နှင့် မီနာမှာ မန်ယူထံသို့ ပြောင်းရွှေ့ရောက်ရှိလာတော့မည်ဖြစ်ကြောင်း Marca က ဖော်ပြထားသည်။
မန်ယူအသင်းဆွေးနွေးညှိနှိုင်းရေးမှူး မတ်ဂျတ်ခ်ျသည် ဘာစီလိုနာနောက်ခံလူ ယာရီ မီနာကိုခေါ်ယူရေးအတွက် ဘာစီလိုနာတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရန် စပိန်နိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူအသင်းသည် လက်စတာနောက်ခံလူ မာဂွီရေးကို ခေါ်ယူရန် ကြိုးပမ်းရာတွင် အဆင်မပြေမှုများဖြစ်ပေါ်လာခြင်းကြောင့် ဘာစီလိုနာနောက်ခံလူ ယာရီ မီနာဘက်သို့ ဦးလှည့်လိုက်ပြီဖြစ်ကြောင်း Mail Online က ဖော်ပြထားသည်။