News

POST TAGGED AS

YBS

18-Dec-2017 tagged as YBS
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ပင်လုံမီးပွိုင့်အနီးတွင် ဒီဇင်ဘာလ ၁၇ ရက် မွန်းလွဲ ၂ နာရီခန့်က YBS အမှတ် ၅၉ ခရီးသည်တင် ယာဉ်တစ်စီး ဘရိတ်ပေါက်ကာ လမ်းဘေးရေမြောင်းအတွင်း ထိုးကျခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
17-Dec-2017 tagged as YBS
ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသော YBS ယာဉ်လိုင်း ကုမ္ပဏီများအနေနှင့် YRTA ၏ခွင့်ပြုချက်မရှိဘဲ ပြည်ပယာဉ် တင်သွင်းသည့် ကုမ္ပဏီများထံမှ ခရီးသည်တင် စီးတီးဘတ်စ်ယာဉ်များ မှာယူခြင်း၊ ယာဉ်လိုင်းအတွင်း ဝင်ရောက်ပြေးဆွဲခြင်းကို စစ်ဆေးတွေ့ရှိပါက YBS ယာဉ်ပြေးဆွဲခြင်းလုပ်ငန်းမှ ရပ်စဲမည်ဟု ဒီဇင်ဘာလ ၁၆ ရက်က ထုတ်ပြန် ကြေညာခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။
14-Dec-2017 tagged as YBS YRTA
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းတွင်း ၁၉၉၆၊ ၉၇၊ ၉၈ ခုနှစ်ထုတ်မော်ဒယ်လ် ယာဉ်အို၊ ယာဉ်ဟောင်း ၄၀ဝ စီးကျော်အနက် လက်ရှိ ၁၄၀ကျော် အပ်နှံပြီးဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (မြင်သာ) ထံမှ သိရသည်။
06-Dec-2017 tagged as YBS
ပုဇွန်တောင်မြို့နယ်၊ အောက်ပုဇွန် တောင်လမ်းရှိ ညောင်တန်းမှတ်တိုင်အနီးတွင် အရက်အမူးလွန်နေသည့် YBS (၆၅) ယာဉ်မှ ယာဉ်မောင်းသည် ဆက် မမောင်းနိုင်သဖြင့် လမ်းလယ်တွင် ယာဉ်ကိုရပ်တန့်ခဲ့သောကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။
30-Nov-2017 tagged as YBS
ယာဉ်လိုင်း လေးလိုင်းကို တာဝန်ယူ ပြေးဆွဲနေသည့် Omni Focus ကုမ္ပဏီ အနေနှင့် YBS ၈၂၊ ၈၃ ယာဉ်လိုင်းများအတွက် ပြေးဆွဲခွင့်ကျပြီ ဖြစ်သည့်အတွက် ဒီဇင်ဘာလတွင် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။
29-Nov-2017 tagged as YBS
မြောက်ဒဂုံခရီးစဉ်ကို ပြေးဆွဲလျက်ရှိသည့် YBS ယာဉ်လိုင်းခြောက်လိုင်းခန့်အနက် အချို့ယာဉ်လိုင်းမှာ ညဦးပိုင်းတွင် ပြေးဆွဲခြင်း မရှိတော့ခြင်းကြောင့် စီးနင်းမှု အခက်အခဲများရှိကြောင်း အဆိုပါလမ်းကြောင်းတွင် စီးနင်းသည့် ခရီးသည်များထံမှ သိရသည်။
20-Nov-2017 tagged as YBS
ရန်ကုန်မြို့အတွင်း YBS ၂၁ ယာဉ်လိုင်းကို ပြေးဆွဲနေသည့် Power Eleven ကုမ္ပဏီက နောက်ထပ် အမျိုးသမီးယာဉ်မောင်း ၃၀ဝ ကျော်ကို ခန့်အပ်ရန်ရှိကြောင်း အဆိုပါကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဦးသက်တင်ဝင်းက ပြောကြားသည်။
15-Nov-2017 tagged as YBS YRTA
ရန်ကုန်မြို့တွင်း YBS ခရီးသည်တင်ယာဉ်လိုင်းတွင် ပြေးဆွဲနေသည့် ၉၆၊ ၉၇၊ ၉၈ ခုနှစ် ထုတ်မော်ဒယ်လ် ယာဉ်အို၊ ယာဉ်ဟောင်းများ နိုဝင်ဘာလ ၂၀ ရက် နောက်ဆုံးထား အပ်နှံရမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံမှ သိရသည်။
15-Nov-2017 tagged as YBS
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဘုရင့်နောင်လမ်းမှ သခင်မြပန်းခြံသို့ ပြေးဆွဲနေသည့် YBS (၁၄) ယာဉ်မှာ နိုဝင်ဘာလ ၁၆ ရက်နေ့မှစတင်ပြီး ဒဂုံမြောက်မြို့နယ်အတွင်း ယာဉ်ပြေးဆွဲမှု ရပ်ဆိုင်းကာ ပါရမီကားဝင်းမှ သခင်မြပန်းခြံအထိသာ ခရီးစဉ် ပြေးဆွဲတော့မည်ဖြစ်ကြောင်း ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်မှ မန်နေဂျင်း ဒါရိုက်တာ ဦးမျိုးမြင့်က ပြောသည်။
14-Nov-2017 tagged as YBS
ရန်ကုန်မြို့တွင်းနှင့် ခရမ်း၊ သုံးခွသို့ ပြေးဆွဲနေသည့် YBS မီနီဘတ်စ် ၃၂၊ ၃၃၊ ၃၄၊ ၇၀ ယာဉ်လိုင်းများသည် ငွေပုံးစနစ် တပ်ဆင်ပြီးဖြစ်၍ နိုဝင်ဘာလ ၁၇ ရက်မှစပြီး ယာဉ်အကူမပါဘဲ ပြေးဆွဲမည်ဖြစ်ကြောင်း ရွှေတောင်ပိုင်း သယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီထံမှ သိရသည်