News

POST TAGGED AS

YBS

28-Jan-2018 tagged as ရန်ကုန် YBS YRTA
ရန်ကုန်မြို့အတွင်း YBS တံဆိပ်တပ်ဆင်ပြေးဆွဲနေသည့် ယာဉ်လိုင်းကုမ္ပဏီများအနေနှင့် ယာဉ်လိုင်းနံပါတ်သစ် တိုးချဲ့ပြေးဆွဲခြင်းတွင် နံပါတ် ၁၀၀ ကျော်အထိသာ လက်ခံတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA ထံမှ သိရသည်။
တရားမဝင်ကျွန်းသစ်များ သယ်ဆောင်လာသည့် YBS တံဆိပ်တပ်ထားသော ယာဉ်တစ်စီးကို ဇန်နဝါရီလ ၂၆ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က ဟင်္သာတမြို့အဝင်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
25-Jan-2018 tagged as ရန်ကုန် YBS
ယာဉ်လိုင်းငါးလိုင်းကို တာဝန်ယူပြေးဆွဲနေသည့် Omni Focus ကုမ္ပဏီအနေနှင့် ခရီးသည်စီးနင်းမှု အဆင်ပြေစေရန် ယာဉ်စီးရေ ၇၀ ဖြင့် YBS ၈၃ ယာဉ်လိုင်းကို ဇန်နဝါရီလကုန်တွင် တိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။
21-Jan-2018 tagged as YBS
လူထုမိတ်ဆွေကုမ္ပဏီ လက်အောက်တွင် ပြေးဆွဲရန် တိုင်းအစိုးရအဖွဲ့ကို တင်ပြထားသည့် ယာဉ်လိုင်းကိုးလိုင်းအနက် YBS ၇၈၊ ၉၃ ယာဉ်လိုင်းကို ဖေဖော်ဝါရီ လဆန်းပိုင်တွင် တရုတ်ယာဉ်အသစ်များဖြင့် ပြေးဆွဲမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။
18-Jan-2018 tagged as YBS
... ယာဉ်မောင်းတွေရဲ့ မပြင်နိုင်သေးတဲ့ အကျင့်ဟောင်းတွေ၊ ပိုမိုပေါများ အတင့်ရဲလာတဲ့ ခါးပိုက်နှိုက်လိုလို၊ လူဆိုးဂိုဏ်းလိုလိုတွေအကြောင်းတွေ၊ ယာဉ် နှစ်ဆင့် သုံးဆင့် စီးနေရဆဲဖြစ်နေတာတွေ၊ အချို့လိုင်းတွေမှာ ယာဉ်အစီးရေ မလုံလောက်မှုကြောင့် ကြားကားတွေကို အားထားနေရဆဲ ဖြစ်နေတာတွေအပေါ်မှာတော့ အချိန်ကြာလာတာနဲ့အမျှ စိတ်ရှည်ရှည်ထား သည်းခံ ကျော်ဖြတ်ကြဖို့ ခက်ခဲလာကြမယ် ထင်ပါတယ်။
17-Jan-2018 tagged as ရန်ကုန် YBS
YBS ခရီးသည်တင်ယာဉ်များ၌ ငွေပေးချေမှု ကတ်စနစ်ကို ယခုနှစ် ဖေဖော်ဝါရီလမှစ၍ ကျင့်သုံးနိုင်ရန် စီစဉ်လျက်ရှိပြီး နိုင်ငံတကာ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင်လည်း ကတ်စနစ်ကို နောက်ဆုံးအဆင့် သတ်မှတ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
15-Jan-2018 tagged as ရန်ကုန် YBS
တိုင်းအစိုးရအဖွဲ့အနေနှင့် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများတွင် နေ့စဉ်ပြေးဆွဲသည့် အခေါက်ရေအတွက် ခရီးစဉ်မှတ်တမ်း (ဝေလ်ဘယ်) တင်ရာတွင် အွန်လိုင်းစနစ်ဖြင့် ပြောင်းလဲဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး YUPT ကုမ္ပဏီထံမှ သိရသည်။
လှိုင်သာယာမှ သခင်မြပန်းခြံသို့ ပြေးဆွဲနေသည့် YBS (၂၀) ယာဉ်တစ်စီးပေါ်တွင် ခါးပိုက်နှိုက်ခံရသည်ကို သိရှိသွားသည့် ခရီးသည်အမျိုးသမီးကို ဆဲဆိုခြိမ်းခြောက်ခဲ့သည့် ခါးပိုက်နှိုက်အဖွဲ့မှ သုံးဦးကို မြောက်ဥက္ကလာပမြို့နယ်တွင် ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
13-Jan-2018 tagged as YBS
YBS ယာဉ်လိုင်းစနစ်တွင် ယာဉ်လိုင်း အများဆုံးကို တာဝန်ယူ ပြေးဆွဲနေသည့် ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး YUPT ကုမ္ပဏီသည် တစ်နှစ်အတွင်း ယာဉ်လုပ်သားများထံမှ စည်းကမ်းဖောက်သည့်အတွက် ဒဏ်ကြေး ကျပ် ၈၈ သိန်းကျော်ရရှိခဲ့ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။
10-Jan-2018 tagged as YBS
ဗိုလ်တထောင်မှ လှိုင်သာယာ အနောက်ပိုင်းတက္ကသိုလ်အထိ ပြေးဆွဲ နေသည့် YBS ၇၉ ယာဉ်လိုင်းရှိ 5N/4952 ယာဉ်ကို မောင်းနှင်သည့် ယာဉ်မောင်း သည် အရက်သေစာသောက်စားကာ ယာဉ်ကို မဆင်မခြင်မောင်းနှင်သဖြင့် ဇန်နဝါရီလ ဒုတိယပတ်က ရာသက်ပန် ထုတ်ပယ်လိုက်ကြောင်း အဆိုပါယာဉ် လိုင်းထံမှ သိရသည်။