News

POST TAGGED AS

YBS

23-Jan-2017 tagged as YBS
ရန်ကုန်မြို့တွင်း ည ၇ နာရီ နောက်ပိုင်းမှစ၍ YBS တံဆိပ်တပ် ခရီးသည်တင်ယာဉ် အများစု ပြေးဆွဲခြင်းမရှိတော့သဖြင့် ခရီးသည်များ ညပိုင်း အိမ်ပြန်ရာတွင် အခက်အခဲများ ကြုံတွေ့နေရသည်။
21-Jan-2017 tagged as ကား YBS
ပြည်သူ့ထောက်ခံမှု အားကောင်းသဖြင့် အစိုးရအနေနှင့် နိုင်ငံရေးထောက်ခံမှု ရအောင် ပြည်သူ့မူဝါဒ ချမှတ်စရာ မလိုကြောင်း၊ မှန်ကန်အကျိုးရှိသော မူဝါဒများကို ချမှတ်အကောင်အထည်ဖော်ရန်သာ လိုကြောင်းလည်း မြင်ရသည်။ သေချာစွာ ကြိုတင်ပြင်ဆင်မှု၊ လိုအပ်သော အချက်အလက် စနစ်တကျ ကြိုတင်ကောက်ခံခြင်း၊ သတင်းအမှန်ကို ပြည်သူတို့ ထုတ်ပြောရဲအောင် အားပေးခြင်း၊ ပညာရှင် ပညာသည် အရင်းအမြစ်များကို စုဖွဲ့နိုင်ခြင်းတို့ကို ဖြည့်ဆည်းနိုင်လျှင် နောင်စီမံကိန်းများသည် ပြည့်စုံပါမည်။
20-Jan-2017 tagged as YBS
ရန်ကုန်မြို့တော်တွင်း ဇန်နဝါရီလ ၁၆ ရက်မှစ၍ ခရီးသည် သယ်ယူပို့ဆောင်ရေး ဆောင်ရွက်နေသည့် YBS တံဆိပ်တပ် ယာဉ်လိုင်းများမှ ယာဉ်လုပ်သားများကို ယခင်မထသ (ဗဟို) ၏ စည်းကမ်းချက် ၁၃၈ ချက်ဖြင့်ပင် အရေးယူမည်ဖြစ်ကြောင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။
18-Jan-2017 tagged as YBS
ရန်ကုန်မြို့တွင်း စနစ်သစ်ဖြင့် ခရီးသည်များကို သယ်ယူပို့ဆောင်နေသည့် YBS တံဆိပ်တပ် ခရီးသည်တင် ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ စတင် ပြေးဆွဲသည့်ရက်မှ ယနေ့အထိ နှစ်ရက်စာ လုပ်အားခ မပေးရသေးကြောင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။
18-Jan-2017 tagged as YBS
ရန်ကုန်မြို့တော်အတွင်း ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းကို မထသလက်မှ ရန်ကုန်ဘတ်စ်ကား ဝန်ဆောင်မှု YBS အဖြစ် ပြောင်းလဲလုပ်ကိုင်ပြီး နောက်တစ်ရက်တွင် လက်ရှိယာဉ်စီးရေနှင့် ခရီးသည် ဦးရေမျှတမှု မရှိကြောင်းကို လေ့လာတွေ့ရှိခဲ့သဖြင့် ဖေဖော်ဝါရီလအတွင်း ယာဉ်သစ်တင်သွင်းနိုင်ရန် စီစဉ်မည်