News

POST TAGGED AS

YBS

14-Feb-2017 tagged as ကား YBS
ရန်ကုန်မြို့တော်အတွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများ စည်းကမ်းဖောက်မှုများကို စစ်ဆေးနိုင်ရန် ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ စစ်ဆေးရေးအဖွဲ့ ၁၀ ဖွဲ့ ဖွဲ့စည်းမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံမှ သိရသည်။
10-Feb-2017 tagged as YBS
ရန်ကုန်မြို့၏ ခရီးသည် သယ်ယူပို့ဆောင်မှုကို ဝန်ဆောင်မှု ပေးနေသည့် YBS (Yangon Bus services) စနစ်တစ်ခုလုံးမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ စီမံဆောင်ရွက်ချက်သာ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။
09-Feb-2017 tagged as YBS
သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီးရှိ အသင်းတိုက်မှတ်တိုင်တွင် ဖေဖော်ဝါရီလ ၇ ရက် နံနက် ၇ နာရီက YBS ယာဉ်လိုင်း အမှတ် (၁၀) ခရီးသည်တင်ယာဉ် တစ်စီးပေါ်ပါ အသက် ၅၂ နှစ်အရွယ် ခရီးသည် အမျိုးသမီးတစ်ဦး ယာဉ်ပေါ်မှ ပြုတ်ကျပြီး ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
07-Feb-2017 tagged as YBS
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော YBS ယာဉ်လိုင်းစနစ်သည် JICA က အကြံပြု တင်ပြထားသော စနစ်မဟုတ်ကြောင်း ဂျပန်စီးပွားရေးသံမှူးက ပြောကြားသည်။
30-Jan-2017 tagged as YBS
ရန်ကုန်မြို့တော်အတွင်း အစုအဖွဲ့ပိုင်စနစ်ဖြင့် ပြေးဆွဲနေသော YBS ယာဉ်များနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အနေနှင့် စည်းကမ်းထိန်းသိမ်းမှု အားနည်းနေသေးကြောင်း ဘတ်စ်ကားစီး ခရီးသွားပြည်သူများထံမှ စုံစမ်း သိရှိရသည်။
ဗိုလ်ချုပ်လမ်းရှိ ဆာကူရာတာဝါ အရှေ့တွင် ယနေ့ (ဇန်နဝါရီလ ၃၀ ရက်) နံနက် ၆ နာရီက YBS ယာဉ်နှစ်စီး တိုက်မိရာမှ ယာဉ်လိုင်း ၅၆ မီနီဘတ်စ်ယာဉ် တိမ်းမှောက်ခဲ့ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲရုံးမှ သိရသည်။
29-Jan-2017 tagged as YBS
မြို့ထဲပိုင်းတွင် ညပိုင်းစီးနင်းသော ခရီးသည်များ စုပုံနေသည်ကို ဖြေရှင်းရန် မြို့ထဲဝင်သည့် YBS ယာဉ်များ ည ၁၀ နာရီအထိ ပြေးဆွဲရန် ထုတ်ပြန်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။
28-Jan-2017 tagged as YBS
ရန်ကုန်မြို့တော်အတွင်း အများပိုင်စနစ်ကဲ့သို့ ယာဉ်ပိုင်ရှင်များ စုပေါင်းပြေးဆွဲသည့် YBS ယာဉ်လိုင်းတွင် ထည့်သွင်းပြေးဆွဲရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တရုတ်နိုင်ငံမှ ယာဉ်စီးရေတစ်ထောင် ဝယ်ယူနိုင်ရန် ညှိနှိုင်းလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။
26-Jan-2017 tagged as မထသ YBS
ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး စနစ်ကို ဇန်နဝါရီလ ၁၆ ရက်မှ စတင် ပြောင်းလဲ ပြေးဆွဲရာတွင် ယာဉ်လိုင်းများမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို ယခင် မထသ လုပ်အားခရှင်း စနစ်ဖြင့်သာ ပေးဆောင် ပြေးဆွဲစေလျက်ရှိကြောင်း ယာဉ်လိုင်း အစုအဖွဲ့ပိုင် ကုမ္ပဏီများထံမှ သိရသည်။
25-Jan-2017 tagged as YBS
ရန်ကုန်မြို့တော်အတွင်း ယနေ့ ညနေပိုင်းမှစတင်၍ ည ၉ နာရီနောက်ပိုင်း ခရီးသည်များ စုပုံနေသည့်နေရာများသို့ ညပိုင်းယာဉ်များ သီးခြား ပြေးဆွဲပေးမည်