News

POST TAGGED AS

YBS

27-Apr-2017 tagged as YBS
ရန်ကုန်အများပိုင် ဘတ်စ်ကားလိုင်း (YBS) စနစ် ပြောင်းလဲမှုများနှင့်ပတ်သက်၍ မအောင်မြင်စေချင်သည့် နိုင်ငံရေး ပယောဂများ၊ နှောင့်ယှက်မှုများ ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က လွှတ်တော်တွင် ပြောကြားခဲ့သည်။
24-Apr-2017 tagged as YBS
ရန်ကုန် ဘတ်စ်ကား ဝန်ဆောင်မှု (YBS) နှင့်ပတ်သက်၍ တိုင်းလွှတ်တော် ကိုယ်စားလှယ်များ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ဆွေးနွေးသည့် ဧပြီလ ၂၄ ရက်တွင် အဆိုပါ အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့သူ တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ခြင်း မရှိဘဲ ခွင့်ယူခဲ့သည်။
22-Apr-2017 tagged as YBS
အစိုးရအဖွဲ့အနေနှင့် YBS ယာဉ်လိုင်းတွင် ထည့်သွင်း ပြေးဆွဲရန် ဝယ်ယူသည့် ယာဉ်စီးရေတစ်ထောင် မတ်လတွင် ရောက်ရှိမည် ဆိုသော်လည်း ဧပြီလ ၂၂ ရက်အထိ အဆိုပါယာဉ် ရောက်ရှိခြင်း မရှိသေးကြောင်း တိုင်းအစိုးရအဖွဲ့နှင့် ယာဉ်လိုင်းတာဝန်ခံများ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ယာဉ်လိုင်း တာဝန်ခံများထံမှ သိရသည်။
21-Apr-2017 tagged as YBS
ရန်ကုန်မြို့တွင်းပတ်ပြေးဆွဲနေသည့် YBS အညိုယာဉ်လိုင်း သုံးလိုင်း အနက် YBS ၅၆နှင့် ၅၇ ယာဉ်လိုင်းတို့သည် ဧပြီလ ၂၄ ရက်မှစ၍ အဲယားကွန်း ဘတ်စ်ယာဉ်အသစ် ၁၀ဝ စီး လဲလှယ် ပြေးဆွဲမည်
20-Apr-2017 tagged as YBS
မထသမှ အမည်ပြောင်း YBS တံဆိပ်တပ် ယာဉ်များ၏ ယာဉ်စီးခ တိုးကောက်ခံနေမှုအပေါ် အရေးယူရန် စစ်ဆေးရေးအဖွဲ့ စတင်ဖွဲ့စည်းလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံမှ သိရသည်။
19-Apr-2017 tagged as YBS
ရန်ကုန်မြို့တွင်းပတ် ပြေးဆွဲသည့် YBS ၅၈ အဲယားကွန်း အညိုယာဉ်လိုင်းသည် ယာဉ်လုပ်သား အခက်အခဲကြောင့် ယခုရက်ပိုင်းအတွင်း ယာဉ်စီးရေ ပုံမှန်အတိုင်း ပြေးဆွဲနိုင်မည် မဟုတ်ကြောင်း အဆိုပါ ယာဉ်လိုင်းထံမှ သိရသည်။
04-Apr-2017 tagged as YBS
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ခရီးသည်တင်ယာဉ် လိုအပ်ချက်ကို ဖြည့်ဆည်းရန် တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် ယာဉ်သစ်စီးရေ ၅၀ ကို ဇွန်လတွင် ထည့်သွင်းပြေးဆွဲပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့် စက်မှုလက်မှုရေးရာ ကော်မတီအဖွဲ့ဝင် ဦးသန်းနိုင်ဦးက ပြောကြားသည်။
02-Apr-2017 tagged as YBS
Power Eleven Public ကုမ္ပဏီက တာဝန်ယူထားသည့် YBS ၂၁ ယာဉ်လိုင်းက ဧပြီလအတွင်း ခရီးသည်များအတွက် ဝန်ဆောင်မှု တိုးမြှင့်သည့်အနေနှင့် အဆင့် A၊ B၊ C သတ်မှတ်ပြေးဆွဲမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။
ရန်ကုန်မြို့တော်တွင် YBS စနစ်ကို မြေစမ်းခရမ်းပျိုးခဲ့ပြီးနောက် ပထမဆုံးအကြိမ် ပြုလုပ်သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောလိုက်ခြင်း ဖြစ်သည်။ ယင်းမတိုင်ခင်ကလည်း သတင်းစာရှင်းလင်းပွဲ နှစ်ကြိမ်တိုင် ပြုလုပ်ခဲ့သေးသည်။