News

POST TAGGED AS

YBS

03-Jun-2017 tagged as YBS YRTA
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS တံဆိပ်တပ်ယာဉ်လိုင်းများနှင့် ရေကြောင်းတက္ကစီ ပြေးဆွဲခြင်းဆိုင်ရာ ကိစ္စများနှင့်ပတ်သက်၍ သတင်းအချက်အလက်များ ထုတ်ပြန်နိုင်ရန် အစိုးရအဖွဲ့နှင့် မီဒီယာများ တွေ့ဆုံပွဲကို နှစ်ပတ်တစ်ကြိမ် ပြုလုပ်မည်
28-May-2017 tagged as YBS
ကိုဗြိ...ကျွန်တော် အခုလို မတည်မငြိမ် ဖြစ်နေတာ့ ဒီနာမည်ကြီး စီးနေလို့ဖြစ်မယ် ထင်တယ်ဗျ... ခင်ဗျား ကျွန်တော့်ကို နာမည်တစ်ခုတော့ ပြောင်းပေးဗျာ...နာမည်ပြောင်းလိုက်ရင် ကျွန်တော်လည်း အရင်လိုမဟုတ်ဘဲ ပြောင်းလဲသွားမှာ သေချာတယ်။ အဲ...ကျွန်တော်က ကြာသပတေးသား ဆိုတော့ ကြာသပတေးနံပါအောင်တော့ မှည့်ပေး”
28-May-2017 tagged as YBS
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ပြည်ထောင်စုလမ်းအတိုင်း တောင်မြောက်လမ်းဆုံဘက်မှ ၇/၈ လမ်းဆုံဘက်သို့ မောင်းနှင်လာသော Daewoo အမျိုးအစား ဖြူ/ပြာရောင် YBS အမှတ် (၂၄) ခရီးသည်တင်ယာဉ်သည် မေလ ၂၅ ရက် နံနက်ပိုင်းက မဝတ မှတ်တိုင်အနီးအရောက် လမ်းဖြတ်ကူးသည့် သားအမိနှစ်ဦးကို ဝင်တိုက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
16-May-2017 tagged as YBS
YBS တံဆိပ်တပ် ယာဉ်လိုင်းများ၌ ပြေးဆွဲနေသည့် ၁၉၉၅ ခုနှစ်အောက် မော်ဒယ်နိမ့် ခရီးသည်တင်ယာဉ်များနေရာတွင် တရုတ်နိုင်ငံထုတ် ယာဉ်အသစ်များဖြင့် အစားထိုး အသုံးပြုမည်ဖြစ်ကြောင်း မေလ ၁၅ ရက်နေ့က ပြုလုပ်သည့် YBS ယာဉ်လိုင်း တာဝန်ခံများနှင့် တွေ့ဆုံပွဲတွင် ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှု၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။
05-May-2017 tagged as YBS
ရန်ကုန်မြို့တော်အတွင်း ပြေးဆွဲနေသည့် YBS တံဆိပ်တပ် ယာဉ်များနှင့် ပတ်သက်၍ သတင်းမီဒီယာများ၏ မေးမြန်းမှုကို YRTA အနေနှင့် ဖြေကြားမှု မပြုရန် တိုင်းအစိုးရအဖွဲ့က ညွှန်ကြားထားသည်မှာ မဟုတ်ကြောင်း အဆိုပါအဖွဲ့က ငြင်းဆိုလိုက်သည်။
02-May-2017 tagged as YBS
ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် YBS တံဆိပ်တပ် ယာဉ်များအနက် အဲကွန်းဘတ်စ် ၂၁ ယာဉ်လိုင်း အနေနှင့် ခရီးသည်ပေးသည့်နှုန်းအတိုင်း ယာဉ်အစီး ၃၀ ဖြင့် ပြေးဆွဲပေးမည်
02-May-2017 tagged as YBS
မြောက်ဥက္ကလာပမြို့နယ် အဝိုင်းမှတ်တိုင်တွင် ဧပြီလ ၃၀ ရက် ည ၈ နာရီက YBS ယာဉ်လိုင်း အမှတ်(၁၀) ယာဉ်ပေါ်ပါလာသည့် အသက် ၄၄ နှစ်အရွယ် ခရီးသည် အမျိုးသားတစ်ဦးကို ယင်းယာဉ်မှ ယာဉ်နောက်လိုက်က ကျမ်းတုံးဖြင့် ရိုက်နှက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
“သေချာပါတယ်...ကွီး...အေးအေးဆေးဆေး သာ ရုံးတက်ပါတော့... နေလည်းသိပ်ကောင်းတာမဟုတ်တော့... နှလုံးကျန်းမာရေးကို ဂရုစိုက်ပါ...ဟတ်ထိမယ့် အလုပ်တွေ သိပ်မလုပ်ပါနဲ့”
YBS သည် လက်ရှိတွင် ရန်ကုန်မြို့နေ ခရီးသွားပြည်သူများ ဒုက္ခရောက်နေသည့် သယ်ယူပို့ဆောင်ရေးစနစ် ဖြစ်သည်။ မထသစနစ်မှ YBS စနစ်သို့ စတင်ပြောင်းလဲသူသည် ဝန်ကြီးချုပ်ပင် မဟုတ်ပါလော။ ထို့ပြင် ရန်ကုန်တိုင်းအတွင်း ပြည်သူသန်းနှင့်ချီ ဒုက္ခရောက်နေကြသော စနစ်တစ်ခုအတွက် ဝန်ကြီးချုပ်တွင် တာဝန်ရှိသည် မဟုတ်ပါလော။