News

POST TAGGED AS

YBS

26-Sep-2017 tagged as YBS
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ယာဉ်လိုင်းများထဲမှ Power Eleven ကုမ္ပဏီ အုပ်ချုပ်မှုအောက်ရှိ YBS ၂၁ ယာဉ်လိုင်းတွင် အမျိုးသမီး ယာဉ်မောင်း ၃၀ ကို နှစ်ပတ်အတွင်း ခန့်အပ်ရန် လျှောက်လွှာ ခေါ်ယူထားကြောင်း အဆိုပါကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဦးတရုတ်လေးက ပြောကြားသည်။
25-Sep-2017 tagged as YBS
ယာဉ်တစ်စီးလုံး၏ လုံခြုံရေးကို တာဝန်ယူ ဆောင်ရွက်မည့် လုံခြုံရေးဝန်ထမ်း ၆၀ ကို Omini Focus ကုမ္ပဏီ လက်အောက်ရှိ YBS ၂၀ ယာဉ်လိုင်းတွင် ထပ်တိုးထားရှိကြောင်း အဆိုပါ ယာဉ်လိုင်းထံမှသိရသည်။
20-Sep-2017 tagged as YBS
ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် YPS ယာဉ်လိုင်း၌ ကျင့်သုံးမည့် Yangon Payment Services(YPS) ငွေပေးချေကတ်စနစ်အတွက် တင်ဒါပြိုင် ကုမ္ပဏီများသည် နည်းပညာပိုင်းဆိုင်ရာကို ယှဉ်ပြိုင်မည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက ပြောကြားသည်။
20-Sep-2017 tagged as YBS
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ယာဉ်များကို တာဝန်ယူ ဆောင်ရွက်နေသည့်ကုမ္ပဏီများကို သတ်မှတ်စည်းကမ်းချက် လိုက်နာခြင်း ရှိ၊ မရှိ ယခုနှစ် မကုန်ခင် သုံးလကျော်အတွင်း စောင့်ကြည့်ပြီး စစ်ဆေးရေးအဖွဲ့ဖွဲ့ကာ စက်တင်ဘာလမကုန်မီ စစ်ဆေးမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။
18-Sep-2017 tagged as YBS
တိုင်းအစိုးရအဖွဲ့က ဝယ်ယူထားသည့် ယာဉ်သစ်တစ်ထောင်တွင် ယာဉ်စီးရေ ၅၀ဝ ခွဲဝေရရှိသည့် ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ YUPT အနေနှင့် YBS ယာဉ်လိုင်း သုံးလိုင်း၌ ကျန်ရှိနေသည့် ယာဉ်စီးရေ ၁၀ဝ ကျော်ကို ထည့်သွင်းမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။
18-Sep-2017 tagged as YBS
“သက်ကြီးရွယ်အိုတွေဆိုလည်း သက်သောင့်သက်သာ စီးလို့ရမယ်။ မသန်စွမ်းတဲ့ ခရီးသည်တွေ အတွက်လည်း အဆင်ပြေတာပေါ့”
17-Sep-2017 tagged as YBS
ရန်ကုန်မြို့တွင်း YBS ယာဉ်များ ပြေးဆွဲခြင်းကို တာဝန်ယူ ဆောင်ရွက်နေသည့် ယာဉ်လိုင်းကုမ္ပဏီများ အနေနှင့် အများပိုင်စနစ်ဖြင့် ပြေးဆွဲခြင်းမရှိပါက ယာဉ်လိုင်းကုမ္ပဏီအဖြစ်မှ ဖျက်သိမ်းမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။
16-Sep-2017 tagged as YBS
မီနီဘတ်စ်ယာဉ်များဖြင့်သာ ပြေးဆွဲနေသော YBS ၁၇ ယာဉ်လိုင်းမှ ယာဉ်အချို့သည် ယာဉ်မောင်းဘေးနှင့် နောက်ခန်းတွင် စီးနင်းသည့် ခရီးသည်များထံမှ ကျပ် ၅၀ဝ ကောက်ခံလျက်ရှိကြောင်း အဆိုပါယာဉ်များကို စီးနင်းသည့် ခရီးသည်များထံမှ သိရသည်။
15-Sep-2017 tagged as YBS
ရန်ကုန်မြို့အတွင်း YBS ယာဉ်လိုင်းများတွင် ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များ အားလုံး စက်တင်ဘာလ ၃၀ ရက်အပြီး အလုံးစုံ အာမခံထားရှိရန် သတ်မှတ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။