News

POST TAGGED AS

YBS

11-Nov-2017 tagged as YBS YRTA GPS
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်များအားလုံး GPS စနစ် တပ်ဆင်ခြင်း ရှိ၊ မရှိ နိုဝင်ဘာလအတွင်း စစ်ဆေးမည်ဖြစ်ပြီး တပ်ဆင်ထားခြင်း မရှိသည့်ယာဉ်လိုင်းကို ရာသက်ပန် ပြေးဆွဲခွင့် ပိတ်သိမ်းမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံမှ သိရသည်။
06-Nov-2017 tagged as ယာဉ်လိုင်း YBS
ရန်ကုန်မြို့တွင်း ပြေးဆွဲသည့် YBS ယာဉ်လိုင်းများတွင် ယာဉ်လိုင်း အများဆုံးဖြစ်သည့် ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ YUPT သည် မြို့တွင်း လမ်းကြောင်းသစ်အစားရှိပြီး ယာဉ်လိုင်းများတွင် ယာဉ်စီးရေ တိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ပုသိမ်ညွန့်(၆)လမ်း မှတ်တိုင်တွင် ယနေ့ (နိုဝင်ဘာ ၂ ရက်) နံနက် ၁၁ နာရီဝန်းကျင်က YBS (၇၉) ယာဉ်တစ်စီးမှာ ခဲဖြင့်ထုခံရသောကြောင့် ယာဉ်ပေါ်ပါ ခရီးသည် အမျိုးသမီးတစ်ဦး မှန်စများ ထိမှန်ပြီး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
02-Nov-2017 tagged as YBS
ထန်းတပင်မြို့နယ်၊ အနောက်ပိုင်း တက္ကသိုလ်အနီးတွင် အောက်တိုဘာလ ၂ ရက် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်က YBS အမှတ်(၂၁)ယာဉ်နှင့် ဒိုင်နာယာဉ်တို့ မျက်နှာချင်းဆိုင် ဝင်တိုက်ရာ ဒိုင်နာ ယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦး သေဆုံးခဲ့ပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
22-Oct-2017 tagged as YBS
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ၂၁ ယာဉ်လိုင်းတွင် အမျိုးသမီးယာဉ်မောင်းအဖြစ် လုပ်ကိုင်ရန် လျှောက်ထားသူ ၁၀ဝ ကျော်အထိ တိုးလာခဲ့ကြောင်း Power Eleven ကုမ္ပဏီထံမှ သိရသည်။
17-Oct-2017 tagged as YBS
YBS ယာဉ်လိုင်း ငါးလိုင်းကို တာဝန်ယူပြေးဆွဲနေသော ဗန္ဓုလ သယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီသည် ယာဉ်လိုင်း သုံးလိုင်းတွင် တရုတ်ယာဉ်သစ်စီးရေများ ထပ်တိုး ပြေးဆွဲမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။
03-Oct-2017 tagged as ရန်ကုန် YBS
YBS ယာဉ်လိုင်း ငါးလိုင်းကို တာဝန်ယူ ပြေးဆွဲနေသည့် ဗန္ဓုလ သယ်ယူပို့ဆောင်ရေး အများပိုင် ကုမ္ပဏီသည် အောက်တိုဘာလ ၂ ရက်က တရုတ်နိုင်ငံထုတ် ယာဉ်အသစ် ၄၁ စီးကို YBS ၂၅ နှင့် ၃၀ တွင် ထည့်သွင်း ပြေးဆွဲပြီဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။
02-Oct-2017 tagged as ရန်ကုန် YBS
YBS ယာဉ်လိုင်းများ စီးနင်းသည့် ခရီးသွားပြည်သူများ အကြွေ အခက်အခဲ အဆင်ပြေစေရန် Care Teen ပရဟိတ အဖွဲ့က အောက်တိုဘာလ ၂ ရက်ကစပြီး တစ်ပတ်လျှင် သုံးရက်ဖြင့် မှတ်တိုင်တစ်ခုတွင် ကျပ်သုံးသိန်းဖိုး အကြွေလဲလှယ်ပေးကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။