News

ဆာကူရာတာဝါရှေ့ YBS ယာဉ်နှစ်စီး တိုက်
ရန်ကုန်၊ ဇန်နဝါရီ ၃၀ 

ဗိုလ်ချုပ်လမ်းရှိ ဆာကူရာတာဝါ အရှေ့တွင် ယနေ့ (ဇန်နဝါရီလ ၃၀ ရက်) နံနက် ၆ နာရီက YBS ယာဉ်နှစ်စီး တိုက်မိရာမှ ယာဉ်လိုင်း ၅၆ မီနီဘတ်စ်ယာဉ် တိမ်းမှောက်ခဲ့ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲရုံးမှ သိရသည်။

ပန်းဘဲတန်းမှ ကျောက်တံတားဘက်သို့ ဗိုလ်ချုပ်လမ်းအတိုင်း အရှိန်ဖြင့် မောင်းလာသည့် YBS ယာဉ်လိုင်း ၃၆ ယာဉ်မှာ အချက်ပြ မီးပျက်နေသည့် ဆူးလေလမ်းရှိ မီးပွိုင့်ကို ဖြတ်မောင်းစဉ် ယာဉ်ရှေ့ရှိ YBS ယာဉ်လိုင်း ၅၆ မီနီဘတ်စ်ယာဉ်ကို အရှိန် မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့သည်။

ယာဉ်တိုက်ခံရသည့်အရှိန်ဖြင့် ၅၆ ယာဉ်မှာ တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါ ခရီးသည် အမျိုးသမီး နှစ်ဦး ထိခိုက် ဒဏ်ရာ ရခဲ့သောကြောင့် ယာဉ်မဆင်မခြင်မောင်းသူ ယာဉ်လိုင်း ၃၆ မှ ယာဉ်မောင်း အမျိုးသားကို ဖမ်းဆီးအရေးယူထားကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးထံမှ သိရသည်။

S-03







FOLLOW US