News

YBS ၈၄ ယာဉ်တစ်စီး မီးလောင်


ရန်ကုန်၊ မတ် ၁၈

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၂၁ ရပ်ကွက်၊ ပညာရေး ၁ လမ်း၊ အင်းဝ အိမ်ရာအနီးတွင် မတ်လ ၁၈ ရက် နံနက် ၇ နာရီခွဲက YBS ၈၄ မီနီဘတ်စ်ယာဉ်တစ်စီး မီးလောင်ကျွမ်းခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မီးလောင်ကျွမ်းခဲ့သည့် YBS ၈၄ ယာဉ်မှာ ပြုပြင်နေဆဲယာဉ်ဖြစ်ပြီး ယင်းနေ့နံနက်က ယာဉ်စမ်းသပ်မောင်းနှင်နေစဉ် ယာဉ်ခေါင်းခန်းအတွင်းရှိ ဝါယာကြိုးများ အပူလွန်ကဲရာမှ မီးစတင်လောင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါယာဉ်မီးလောင်မှုကို မီးသတ်ယာဉ်နှစ်စီးဖြင့် ၁၅ မိနစ်ခန့် မီးငြှိမ်းသတ်ခဲ့ရပြီး YBS ၈၄ ယာဉ်မောင်း ကိုမျိုးဟန်ကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

S-03



FOLLOW US