News

26-Dec-2017

YBS
YBS (၅၁) ယာဉ်ကို မီးရှို့ခဲ့သူဟုဆိုသော အမျိုးသားကို အမှုဖွင့်
ရန်ကုန်၊ ဒီဇင်ဘာ ၂၅

ရန်ကုန်တိုင်း ခရမ်းမြို့နယ် အမှတ် (၃) ရပ်ကွက် ၃ လမ်းတွင် ရပ်နားထားသည့် YBS (၅၁) ယာဉ်တစ်စီး၏ ခေါင်းခန်းကို မီးရှို့ဖျက်ဆီးခဲ့သူဟုဆိုသော အမျိုးသားကို ဒီဇင်ဘာလ ၂၄ ရက်နေ့က ခရမ်းမြို့မ ရဲစခန်းတွင် မီးရှို့ဖျက်ဆီးမှု ပုဒ်မ ၄၃၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

YBS (၅၁) မှန်လုံယာဉ်၏ ယာဉ်ပိုင်ရှင်ဖြစ်သူ ဦးစိုးနိုင်ထွန်းမှာ ဒီဇင်ဘာလ ၁၅ ရက် နံနက် ၂ နာရီက ၃ လမ်းရှိ ၎င်း၏နေအိမ်တွင် အိပ်ပျော်နေစဉ် ခွေးဟောင်သံနှင့် လူများဆူညံသံကြားသဖြင့် နေအိမ်ရှေ့ထွက်ကြည့်စဉ် ၎င်းပိုင်ယာဉ်၏ ခေါင်းခန်းတွင် မီးလောင်နေသည်ကို တွေ့ရှိခဲ့သည်။

အဆိုပါယာဉ်မှာ ၂၀၁၆ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် ယင်းကဲ့သို့ မီးရှို့ဖျက်ဆီးခံခဲ့ရသဖြင့် ယာဉ်ပိုင်ရှင်မှ မီးရှို့ဖျက်ဆီးသူကို စုံစမ်းခဲ့ရာ ယာဉ်မီးလောင်သည့်ညက အမျိုးသားတစ်ဦးမှာ အနက်ရောင် လက်ဆွဲအိတ်ကိုဆွဲ၍ လမ်းထဲမှ ထွက်ပြေးသွားသည်ကို မြင်တွေ့ခဲ့ကြောင်း ရပ်ကွက်နေသူများထံမှ သိရှိခဲ့ရသည်။

ထွက်ပြေးသွားသည့် အမျိုးသားကို ထပ်မံစုံစမ်းခဲ့ရာ ခရမ်းမြို့နယ် ပုလောဝကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရှိခဲ့သဖြင့် ယာဉ်ပိုင်ရှင်မှ တရားလိုပြု အမှုဖွင့်ခဲ့ပြီး ခရမ်းမြို့မ ရဲစခန်းမှ တိုင်ကြားခံရသည့် အမျိုးသားကို ဖမ်းဆီးစစ်ဆေးရန် ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။     

S-03



FOLLOW US