News

18-Dec-2017

ရန်ကုန် YBS
YBS ကားများတွင် MPU ကတ်များဖြင့် ငွေပေးချေနိုင်ရန် ခွင့်ပြုမည်ဟု တိုင်းအစိုးရပြော

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေး ခရီးသည်တင် YBS ကားများတွင် MPU (ATM) ကတ်များဖြင့်လည်း ငွေပေးချေနိုင်ရန် ခွင့်ပြုပေးမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရက YBS ကားများ အားလုံးတွင် ကတ်စနစ်ဖြင့် ငွေပေးချေနိုင်ရန် Yangon Payment Service (YPS) တစ်ခုကို တည်ထောင်ထားပြီး ယင်းစနစ်ကိုလုပ်ကိုင်ရန် ကုမ္ပဏီခုနစ်ခုက တင်ဒါယှဉ်ပြိုင်ထားကြောင်း၊ ယခုက ယင်း YPS စနစ်အပြင် MPU ကတ်ရှိသူများက နောက်ထပ်ကတ်များ ကိုင်စရာမလိုဘဲ ငွေပေးချေနိုင်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“လုံးဝ ကတ်မလုပ်ထားတဲ့သူတွေက YPS စနစ်နဲ့ ကတ်လုပ်ပေါ့။ YPS ဆိုတာ ရန်ကုန်မှာနေတဲ့သူ သီးသန့် အတွက်ပဲ။ MPU ကတ်ရှိတဲ့သူက ဒါနဲ့ ငွေပေးချေလို့ရမယ်။ နောက်ပြီး နိုင်ငံခြားသားတွေလည်း စီးနိုင်အောင် Visa ကတ်ကုမ္ပဏီနဲ့ ချိတ်ဖို့လည်း ရှိတယ်”ဟု ၎င်းကရှင်းပြသည်။

MPU အဖွဲ့တွင် ဘဏ် ၂၃ ခုပါဝင်ပြီး MPU ငွေပေးချေကတ် ကိုင်ဆောင်သူ လေးသန်းနီးပါး ရှိသည့်အတွက် နည်းပညာပိုင်း ချိတ်ဆက်မှုမှာ ပိုမိုအဆင်ပြေနိုင်ကြောင်း MPU (Myanmar Payment Union) ၏ အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ်က ပြောကြားသည်။

“ကားစီးဖို့တစ်ကတ်၊ ရထားစီးဖို့ တစ်ကတ် အဲဒီလိုတွေ ထပ်လုပ်စရာ မလိုဘဲနဲ့ MPU ကတ်ရှိရုံနဲ့ သုံးနိုင်တယ်ဆိုရင် အသုံးပြုသူတွေအတွက် အဆင်ပြေမယ်}} ဟု ゞင်းကပြောဆိုသည်။

ပြည်တွင်းငွေပေးချေမှုအားလုံးကို ငွေသားဖြင့်မဟုတ်ဘဲ ကတ်စနစ်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေပြီး အခွန်ဆောင် သည့်ကိစ္စနှင့် အချို့သောငွေပေးချေမှု များကို အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်နိုင် ရေး နည်းပညာပိုင်း အဆင့်မြှင့်တင်ထား ကြောင်း Myanmar Payment Union ထံမှ သိရသည်။

J-13



FOLLOW US