News

ပဒေသာမှတ်တိုင်အနီးတွင် YBS (၁၀) ယာဉ်တစ်စီး မီးလောင်

ရန်ကုန်၊ နိုဝင်ဘာ ၁

တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၁၂) ရပ်ကွက် သုမင်္ဂလာလမ်းရှိ ပဒေသာမှတ်တိုင်အနီးတွင် ယနေ့ (နိုဝင်ဘာ ၁ ရက်) နံနက် ၇ နာရီခွဲဝန်းကျင်က YBS (၁၀) ခရီးသည်တင် ယာဉ်တစ်စီးမှာ မီးလောင်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်ထံမှ သိရသည်။

“အင်ဂျင် အခန်းထဲမှာရှိတဲ့ မီးကွိုင်အပူလွန်ကဲပြီးတော့ မီးစလောင်တာ။ မီးလောင်ချိန် ငါးမိနစ်လောက်ပဲ ကြာပါတယ်။ လူထိခိုက်ဒဏ်ရာ ရရှိမှု မရှိပါဘူး။ ယာဉ်မောင်းကို အမှုဖွင့်အရေးယူထားတယ်”ဟု တောင်ဥက္ကလာပ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

သာကေတမြို့နယ် တိုင်းရင်းသားကျေးရွာမှ ဒဂုံတက္ကသိုလ်သို့ ပြေးဆွဲနေသည့် အဆိုပါ ခရီးသည်တင်ယာဉ် မီးလောင်မှုနှင့်ပတ်သက်၍ တောင်ဥက္ကလာပ မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီ်းဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့ရာ ၁၀ မိနစ်အကြာတွင် မီးငြိမ်းခဲ့ပြီး ယာဉ်မောင်း ဦးစိုးအောင်ကို တောင်ဥက္ကလာပ မြို့မရဲစခန်းက (ပ) ၉၉၄/ ၂၀၁၇၊ ပြစ်မှုဥပဒေ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားသည်။

S-03



FOLLOW US