News

POST TAGGED AS

YBS

25-Mar-2017 tagged as YBS YRTA
ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေသည့် YBS ယာဉ်များတွင် အဲယားကွန်း တပ်ဆင်မောင်နှင်ခြင်း မရှိသော ယာဉ်အားလုံး ခရီးစဉ်တစ်ပိုင်းလျှင် ကျပ် ၁၀ဝ ပြောင်းလဲ ကောက်ခံရမည်
19-Mar-2017 tagged as YBS
သင်္ကြန်ရက်များ၌ မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများတွင် စီးတီးဘတ်စ်ယာဉ်ကြီးများ ထွက်ရှိမှု နည်းမည်ဖြစ်ပြီး မီနီဘတ်စ်ယာဉ် အများစု ထွက်မည်
18-Mar-2017 tagged as ညဈေး YBS မီတာခ
သုံးလကျော်ကြာ ရပ်နားထားသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ပြည်သူများအကြား ဝေဖန်မှုမြင့်တက်ခဲ့သည့် YBS၊ ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူထားရသည့် စည်ပင်မှ အမှိုက်သိမ်းကား၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ပြောကြားခဲ့သည့် မီတာခကိစ္စနှင့် ညဈေးတန်းကိစ္စများကို ဆွေးနွေးသွားမည်
အမှန်စင်စစ် ‘တံတားတစ်စင်း ကင်ပွန်းတပ်ရေး’ မှာ လွန်ရောကျွံရော အရေးမပါလှသည့် တိုက်ပွဲငယ်တစ်ခုအတွက် အရေးမကြီးလှသော ‘နည်းဗျူဟာ’ မျှသာ ဖြစ်ပါသည်။ ဤကိစ္စ လူအုပ်နှင့် အနိုင်ယူလို့ ရသွားသည့်တိုင် မြန်မာ့နိုင်ငံရေးအတွက် အရေးအပါဆုံးဟု ဆိုနိုင်လောက်သည့် ‘ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး’ မှာကား ‘အက်’ သံ ပါသွားခဲ့ရချေပြီ။ ဘာလုပ်ကြမည်နည်း။ ဘယ်လိုပြင်ကြမည်နည်း။
16-Mar-2017 tagged as YBS
ကုန်သည်လမ်းနှင့် ပန်းဆိုးတန်း လမ်းထောင့်တွင် မတ်လ ၁၅ ရက် နံနက်ပိုင်းက အမှတ် (၇) YBS ယာဉ်တစ်စီး သည် အရှိန်မထိန်းနိုင်ဘဲ တက္ကစီယာဉ်တစ်စီးနှင့် လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်မိခဲ့ကြောင်း ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့ထံမှသိရသည်။
10-Mar-2017 tagged as YBS
YBS ၃၆ ယာဉ်လိုင်း အနေနှင့် စီးနင်းသည့် ခရီးသွားပြည်သူများကို ဝန်ဆောင်မှု ပေးနိုင်ရန် ရည်ရွယ်ပြီး ယခုလကုန်၌ Wi-fi တပ်ဆင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အများပြည်သူပို့ဆောင်ရေး ကုမ္ပဏီ YUPT ထံမှ သိရသည်။
03-Mar-2017 tagged as YBS
သူ့အနေနဲ့တော့ ဒီစနစ်ကို အောင်မြင်အောင် ရေဆုံးမြေဆုံး လုပ်ဆောင်သွားမယ့် အရိပ်အယောင်တွေတော့ မြင်နေရဆဲပါပဲ။ ဒါပေမဲ့လည်း လက်ရှိ အချိန်မှာတော့ YBS စနစ် ပြောင်းလဲမှုဟာ တစ်လကျော် ကြာမြင့်လာပြီ ဖြစ်သော်လည်း ခရီးသွားပြည်သူ အများစု အသုံးပြုတဲ့ ရုံးဆင်းရုံးတက်ချိန်များမှာတော့ မှတ်တိုင် များမှာ ဘတ်စ်ကားတွေကို အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေကြရဆဲပါ။
03-Mar-2017 tagged as YBS
မင်္ဂလာတောင်ညွန့်မြို့နယ် ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ တိရစ္ဆာန်ဥယျာဉ်အနီး ကျောက်တိုင်မှတ်တိုင်တွင် မတ်လ ၂ ရက် နံနက် ၉နာရီခန့်က YBS ၆၁ ခရီးသည် တင်ယာဉ်လိုင်းမှ ယာဉ်တစ်စီး စက်ချို့ယွင်းပြီး ညာဘက်လမ်းဘေးသစ်ပင်ကို ဝင်တိုက်ကာ တိမ်းမှောက်ခဲ့ကြောင်း အဆိုပါ ယာဉ်လိုင်းထံမှ သိရသည်။
02-Mar-2017 tagged as YBS
ရန်ကုန်တိုင်း အစိုးရအဖွဲ့ အနေနှင့် YBS ယာဉ်စီးရေ လိုအပ်ချက်ကို ဖြည့်ဆည်းရန် တရုတ်နိုင်ငံမှ ယာဉ်တစ်စီးလျှင် အမေရိကန်ဒေါ်လာ ငါးသောင်းခြောက်ထောင်ဖြင့် ဝယ်ယူလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ YRTA ထံမှ သိရသည်။
28-Feb-2017 tagged as YBS
ရန်ကုန်မြို့တွင် YBS ယာဉ်လိုင်းကို စီးနင်းနေသည့် ခရီးသွားပြည်သူများ အနေနှင့် အွန်လိုင်းမှတစ်ဆင့် အဆိုပါ ယာဉ်လိုင်း၏ စည်းကမ်းဖောက်ဖျက်မှုများကို တိုင်ကြားနိုင်ပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ထံမှ သိရသည်။