News

POST TAGGED AS

WORLD CUP

ဒိန်းမတ်နည်းပြ အိတ်ဂ်ျဟာရိုင်ဒီသည် ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမားကို ပေါ့ဂ်ဘာကို ဘောလုံးကစားရန် အရေးစိုက်ခြင်း မရှိဘဲ ဆံပင်ဒီဇိုင်းပြောင်းလဲရန်သာ အာရုံရနေသော ကစားသမားဟု ဝေဖန်ပြောကြားလိုက်ပြီး ယင်းအချက်က ပြင်သစ်အသင်း၏ချန်ပီယံမျှော်လင့်ချက်ကို ထိခိုက်လာစေလိမ့်မည်ဖြစ်ကြောင်းလည်း ဟာရိုင်ဒီက မှတ်ချက်ပေးသွားခဲ့သေးသည်ဟု Daily Star က ဖော်ပြထားသည်။
မန်ယူဂိုးသမား ရိုမီယိုသည် အာဂျင်တီးနားလက်ရွေးစင်အသင်းနှင့် လေ့ကျင့်ရေးဆင်းရာတွင် ဒူးဒဏ်ရာရရှိသွားခဲ့သည့်အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် လွဲချော်ရမည့်အခြေအနေကို ရင်ဆိုင်လိုက်ရပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
22-May-2018 tagged as Soccer World Cup Harry Kane England Southgate
အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်သည် လာမည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသင်းခေါင်းဆောင်အဖြစ် အသင်းကို ဦးဆောင်ရန်အတွက် တိုက်စစ်မှူး ဟယ်ရီကိန်းကို ရွေးချယ်လိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
22-May-2018 tagged as Soccer World Cup Belgium Nainggolan
ရိုးမားကွင်းလယ်ကစားသမား နိုင်ဂိုလန်သည် ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ကစားရန် အခွင့်အရေးကို လက်လွှတ်လိုက်ရအပြီးတွင် လက်ရွေးစင်ကစားသမားဘ၀ကို ကျောခိုင်း၍ အနားယူရန် ဆုံးဖြတ်ချက်ကို ချမှတ်ပစ်လိုက်ကြောင်း The Mirror က ဖော်ပြထားသည်။
22-May-2018 tagged as Soccer World Cup Argentina
အာဂျင်တီးနားလက်ရွေးစင်အသင်းနည်းပြ ဂျော့်ခ်ျဆမ်ပါအိုလီသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ကစားမည့် အာဂျင်တီးနားလက်ရွေးစင်အသင်း၏အပြီးသတ် ၂၃ ဦး လူစာရင်းကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ရာ ယင်းလူစာရင်းတွင် နည်းပြ ဆမ်ပါအိုလိုက အင်တာမီလန်တိုက်စစ်မှူး အိုင်ကာဒီကို ဖယ်ထုတ်ချန်လှပ်ပစ်ခဲ့သည့်အတွက် ကာယကံရှင်ကစားသမားဖြစ်သူက လွန်စွာဒေါသပေါက်ကွဲနေကြောင်း Daily Mail က ဖော်ပြထားသည်။
21-May-2018 tagged as Soccer World Cup Spain
စပိန်လက်ရွေးစင်အသင်းနည်းပြ လိုပီတီဂွီသည် ရုရှားနိုင်ငံတွင် ကျင်းပမည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ကစားမည့် အပြီးသတ် ၂၃ ဦး လူစာရင်းကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ရာ ယင်းလူစာရင်းတွင် ချယ်လ်ဆီးတိုက်စစ်မှူး မိုရာတာ၊ အာဆင်နယ်နောက်ခံလူ ဘယ်လာရင်နှင့် ချယ်လ်ဆီးနောက်ခံလူ မားကို့စ်အလွန်ဆိုတို့ ပါဝင်လာခဲ့ခြင်း မရှိကြောင်း The Mirror က ဖော်ပြထားသည်။
ရိုးမားကွင်းလယ်ကစားသမား နိုင်ဂိုလန်သည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ကစားမည့် ဘယ်လ်ဂျီယံလက်ရွေးစင်အသင်း၏ပမာဏလူစာရင်းထုတ်ပြန်ရာတွင် ၎င်းကို နည်းပြ မာတီနက်ဇ်က ချန်လှပ်ဖယ်ထုတ်ခဲ့သည့်အတွက် လွန်စွာ ဒေါသပေါက်ကွဲနေကြောင်း BBC က ဖော်ပြထားသည်။
20-May-2018 tagged as Soccer World Cup France
ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒက်စ်ချမ့်သည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်မည့် အသင်းအပြီးသတ်လူစာရင်းကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ရာ ယင်းလူစာရင်းတွင် မန်ယူတိုက်စစ်တောင်ပံကစားသမား မာတီရယ်လ်နှင့် အာဆင်နယ်တိုက်စစ်မှူး လာကာဇက်တို့ ပါဝင်လာခြင်း မရှိခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
18-May-2018 tagged as Soccer World Cup Brazil France Platini
ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)ဥက္ကဋ္ဌဟောင်း ပလာတီနီသည် ၁၉၉၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ဗိုလ်လုပွဲတွင် အိမ်ရှင်ပြင်သစ်နှင့် လက်ရှိချန်ပီယံဘရာဇီးတို့ ထိပ်တိုက်တွေ့စေရန်အတွက် ပွဲစဉ်လမ်းကြောင်းကို စနစ်တကျရေးဆွဲထားခဲ့ခြင်းဖြစ်သည်ဟု ထုတ်ဖော်ဝန်ခံလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
17-May-2018 tagged as Soccer World Cup England Gareth Southgate
အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်သည် ရုရှားနိုင်ငံတွင် ကျင်းပမည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အပြီးသတ် ၂၃ ဦး လူစာရင်းကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ရာ ယင်းလူစာရင်းတွင် ၀က်စ်ဟမ်းဂိုးသမား ဂျိုးဟတ်နှင့် အာဆင်နယ်ကွင်းလယ်လူ ဝီလ်ရှိုင်းယားတို့ ပါဝင်လာခဲ့ခြင်း မရှိကြောင်း Daily Star က ဖော်ပြထားသည်။