News

POST TAGGED AS

WORLD CUP

06-Jun-2018 tagged as Soccer World Cup Argentina Israel
အာဂျင်တီးနားလက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်မီတွင် အစ္စရေးလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားရန် စီစဉ်ထားခြင်းကို ဆန္ဒပြကန့်ကွက်မှုများ မြင့်တက်လာသောအခြေအနေကြောင့် ဖျက်သိမ်းပစ်လိုက်ပြီဖြစ်ကြောင်း Marca က ဖော်ပြထားသည်။
06-Jun-2018 tagged as Soccer World Cup Brazil
ဘရာဇီးအစိုးရအာဏာပိုင်များသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း ဘရာဇီးလက်ရွေးစင်အသင်း ယှဉ်ပြိုင်ကစားသည့်ပွဲစဉ်များကို နိုင်ငံတစ်ဝန်းရှိ ပြည်သူများအားလုံး အားပေးကြည့်ရှုနိုင်စေရေးအတွက် အလုပ်ချိန်များကို ပြောင်းလဲသတ်မှတ်ပေးလိုက်ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
06-Jun-2018 tagged as Soccer World Cup Mexico
ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးသတ်လူစာရင်းတွင် ထည့်သွင်းရွေးချယ်ခြင်းခံထားရသော မက္ကဆီကိုလက်ရွေးစင်အသင်းကစားသမားအချို့သည် မက္ကဆီကိုက စကော့တလန်ကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော ကမ္ဘာ့ဖလားခြေစစ်ပွဲအပြီးတွင် အထက်တန်းစားပြည့်တန်စာ ၃၀ ကိုခေါ်ယူ၍ ပါတီပွဲဆင်နွှဲကာ ပျော်ပါးခဲ့ကြောင်း မက္ကဆီကိုသတင်းမီဒီယာများက သတင်းဖော်ပြခဲ့သည်ကို ကိုးကား၍ The Sun က ရေးသားထားသည်။
05-Jun-2018 tagged as Soccer Messi World Cup Pogba France
ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာသည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် နည်းပြ ဒက်စ်ချမ့် အသုံးပြုမည့် ပွဲထွက်လူစာရင်း၌ နေရာရနိုင်ရန် ခက်ခဲနေပြီး လက်ရှိထက် စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ တိုးတက်မလာခဲ့ပါက ပေါ့ဂ်ဘာကို အရန်အဖြစ်သာ နည်းပြ ဒက်စ်ချမ့်က ထားရှိအသုံးပြုသွားဖွယ်ရှိနေကြောင်း Daily Star က ဖော်ပြထားသည်။
ဘယ်လ်ဂျီယံနောက်ခံလူ ကွမ်ပနီသည် ဘယ်လ်ဂျီယံနှင့် ပေါ်တူဂီတို့ တစ်ဖက်နှင့်တစ်ဖက် ဂိုးမရှိသရေကျခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲအကြို နိုင်ငံတကာခြေစမ်းပွဲတွင် ညို့သကျည်း ထိခိုက်ဒဏ်ရာရသွားခဲ့သည့်အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ကစားခွင့်နှင့် လွဲချော်ရမည့်အခြေအနေကို ရင်ဆိုင်လိုက်ရပြီဖြစ်ပြီး ကွမ်ပနီကို ဒဏ်ရာပြဿနာကြောင့် ချန်လှပ်ထားခဲ့ရမည်ဆိုပါက အသင်းခံစစ်၌ အားနည်းချက်များရှိသွားမည်ကို ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းနည်းပြ မာတီနက်ဇ်က စိုးရိမ်ပူပန်နေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
03-Jun-2018 tagged as Soccer World Cup C Ronaldo Portugal
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ထိပ်တန်းအဆင့် နွားရိုင်းသတ်သမားဟောင်းတစ်ဦးဖြစ်သော နူနိုမာရီကော့စ်ကို ၎င်း၏သက်တော်စောင့်အဖြစ် ခန့်အပ်တာဝန်ပေးထားပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
30-May-2018 tagged as Soccer World Cup VAR System
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် ဗီဒီယိုလက်ထောက်ဒိုင်လူကြီး(VAR)ထားရှိသည့် နည်းပညာကို အသုံးပြု၍ ချက်ချင်းပင် အရေးယူသည့်စနစ်ကို လာမည့်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကျင့်သုံးသွားတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
28-May-2018 tagged as Soccer Real Madrid World Cup Spain Cavajal
စပိန်လက်ရွေးစင်နောက်ခံကစားသမား ကာဗာဂျယ်လ်သည် ကမ္ဘာ့ဖလားပြိုင်ပွဲအမီ ကြံ့ခိုင်မှုပြည့်ဝလာဖွယ်ရှိနေသည့်အတွက် နည်းပြ လိုပီတွီဂီက ၎င်းအစား အခြားသောကစားသမားတစ်ဦးကို အစားထိုးခေါ်ယူတော့မည်မဟုတ်ဟု ဆုံးဖြတ်ချက်ချထားပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
စပိန်ဘောလုံးပရိသတ်များသည် ရီးရဲလ်မက်ဒရစ်က လီဗာပူးကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သော ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ထိခိုက်ဒဏ်ရာရသွားခဲ့သော ရီးရဲလ်မက်ဒရစ်နောက်ခံကစားသမား ကာဗာဂျယ်လ်အစား အာဆင်နယ်နောက်ခံလူ ဘယ်လာရင်ကို လက်ရွေးစင်အသင်းတွင် အစားထိုးခေါ်ယူရန် နည်းပြ လိုပီတီဂွီကို တိုက်တွန်းတောင်းဆိုလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။
26-May-2018 tagged as Soccer Premier League World Cup Brazil
ဘရာဇီးလက်ရွေးစင်ဘောလုံးအသင်းသည် လက်ရှိတွင် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လေ့ကျင့်ရေးအစီအစဉ်များ စတင်ဆောင်ရွက်နေပြီဖြစ်ပြီး ဘရာဇီးအသင်း၏လေ့ကျင့်ရေးအစီအစဉ်များကို ပရိသတ်ရာပေါင်းများစွာက နေ့စဉ်လာရောက်ကြည့်ရှု အားပေးနေကြောင်း The Mirror က ဖော်ပြထားသည်။