News

POST TAGGED AS

WORLD CUP

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် ဘရာဇီး၊ ပြင်သစ်နှင့် အင်္ဂလန်တို့အနက်မှ တစ်သင်းမှာ လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံအဖြစ် အောင်ပွဲခံလိမ့်မည်ဟု ခန့်မှန်းပြောကြားလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။
03-Jul-2018 tagged as Soccer World Cup Courtois Pickford
ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းဂိုးသမား ကော်တွာသည် ဘယ်လ်ဂျီယံက အင်္ဂလန်ကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲစဉ်တွင် ဘယ်လ်ဂျီယံတိုက်စစ်တောင်ပံကစားသမား ဂျာနူဇတ်ဂ်ျ သွင်းယူလိုက်သောဂိုးကို အင်္ဂလန်ဂိုးသမား ပစ်ခ်ဖို့ဒ် မကာကွယ်နိုင်ခဲ့သည်မှာ အခြားကြောင့်မဟုတ်ဘဲ အရပ်ပုလွန်းနေ၍ဖြစ်ကြောင်း လှောင်ပြောင်ပြောကြားသွားခဲ့သည်ဟု The Mirror က ဖော်ပြထားသည်။
03-Jul-2018 tagged as Soccer World Cup Spain Diego Costa
စပိန်လက်ရွေးစင်အသင်းတိုက်စစ်မှူး ဒီယေဂိုကော်စတာသည် ရုရှားက စပိန်ကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူသွားခဲ့သော ကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်တွင် ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းချိန်၌ ၎င်း၏အက်သလက်တီကိုအသင်းဖော် ကိုကီကို ပင်နယ်တီကန်မည့်လူစာရင်း၌ မထည့်သွင်းသင့်ကြောင်း ၎င်းက အကြံပေးသည်ကို နည်းပြ ဟီရာရိုက နားမထောင်ခဲ့သည့်အတွက် ဒေါသပေါက်ကွဲနေကြောင်း Daily Star က ဖော်ပြထားသည်။
03-Jul-2018 tagged as Soccer World Cup Russia Akinfeev
ရုရှားနိုင်ငံ၏အထင်ကရဘဏ်တစ်ခုဖြစ်သော Bank of Russia သည် ရုရှားဂိုးသမား အကင်ဖိဗ် ပင်နယ်တီ ကာကွယ်မည့်ဟန်ကို လွန်ခဲ့သည့် တစ်လခန့်ကတည်းက ငွေစက္ကူထုတ်ဝေထားခဲ့ပြီး ယင်းငွေစက္ကူတွင် ထည့်သွင်းရိုက်နှိပ်ထားသောရုပ်ပုံနှင့် စပိန်တိုက်စစ်မှူး အက်စ်ပတ်စ်ကန်သွင်းသော ပင်နယ်တီဘောလုံးကို ဘယ်ခြေထောက်ဖြင့် ကန်ထုတ်ကာကွယ်လိုသည့် ဂိုးသမား အကင်ဖိဗ်၏ဟန်ပန်မှာ လွန်စွာဆင်တူနေကြောင်း The Mirror က ဖော်ပြထားသည်။
03-Jul-2018 tagged as Soccer Messi World Cup Argentina India
အိန္ဒိယနိုင်ငံ အနောက်ဘင်ဂေါလ်ဒေသ မယ်လ်ဒါခရိုင်ရှိ ဟာဘစ်ဘ်ပါးရ်မြို့တွင် နေထိုင်သော မက်ဆီပရိသတ် အိန္ဒိယနိုင်ငံသားတစ်ဦးသည် ပြင်သစ်က အာဂျင်တီးနားကို လေးဂိုး သုံးဂိုးဖြင့် အနိုင်ယူသွားခဲ့သော ကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်အပြီးတွင် ၎င်းကိုယ်၎င်း သတ်သေသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
02-Jul-2018 tagged as Soccer World Cup Mbappe Pele
ပြင်သစ်လက်ရွေးစင်အသင်း၏အသက် ၁၉ နှစ်အရွယ်တိုက်စစ်မှူး အမ်ဘတ်ပေသည် ပြင်သစ်က အာဂျင်တီးနားကို လေးဂိုး သုံးဂိုးဖြင့် အနိုင်ရခဲ့သော ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ပွဲစဉ်တွင် အသင်းအတွက် သွင်းဂိုးနှစ်ဂိုး ရယူပေးနိုင်ခဲ့ခြင်းနှင့်အတူ စံချိန်သစ်များတင်ရှိသွားနိုင်ခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
02-Jul-2018 tagged as Soccer World Cup England Penalty Kicks
အင်္ဂလန်လက်ရွေးစင်ဘောလုံးအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပင်နယ်တီအဆုံးအဖြတ်ခံယူရာ၌ ပင်နယ်တီလွဲချော်မှုများ ဖြစ်ပွားခဲ့သော်လည်းသာမန်ပွဲကစားချိန် မိနစ် ၉၀ အတွင်းရရှိသော ပင်နယ်တီအားလုံးကိုမူ ဂိုးအဖြစ် အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
02-Jul-2018 tagged as Soccer Cristiano Ronaldo World Cup Portugal
ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုသည် ဥရုဂွေးက ပေါ်တူဂီကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်အပြီးတွင် သတင်းမီဒီယာများက ၎င်းကို ဝိုင်းဝန်း၍ လက်ရွေးစင်ကစားသမားဘ၀ဖြတ်သန်းမှုကို အဆုံးသတ်မည်၊ မသတ်မည် မေးခွန်းထုတ်ခဲ့ခြင်းအား အဖြေပေးရန် ငြင်းဆန်သွားခဲ့ပြီး လက်ရှိကာလမှာ အနာဂတ်အကြောင်းကိုပြောရန် သင့်တော်မှန်ကန်သည့်အချိန်မဟုတ်ဟု စီရော်နယ်ဒိုက အသိပေးသွားခဲ့ကြောင်း Marca က ဖော်ပြထားသည်။
02-Jul-2018 tagged as Soccer World Cup Brazil Brazil Fan
ဘရာဇီးအသင်းပရိသတ်တစ်ဦးဖြစ်သော အသက် ၃၀ အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦးသည် ဘရာဇီးအသင်း နိုင်ပွဲရရှိခဲ့သည်ကို အောင်ပွဲခံခဲ့ရာ၌ လည်ပင်းကို ဝိုင်ခွက်ထိုးစိုက်မိကာ အသက်ဆုံးရှုံးသွားခဲ့ရကြောင်း Daily Star က ဖော်ပြထားသည်။
02-Jul-2018 tagged as Soccer World Cup Russia Spain VAR System Putin
အင်္ဂလန်ခရစ်ကက်လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်း မိုက်ကယ်ဗောက်ဂန်သည် ဗီဒီယိုလက်ထောက်ဒိုင်လူကြီး(VAR)စနစ်ကို နောက်ကွယ်မှနေ၍ ကြိုးကိုင်ထားသူမှာ ရုရှားသမ္မတ ပူတင်ဖြစ်နေသည့်အတွက် ရုရှားနှင့်ယှဉ်ပြိုင်ရသည့်ပွဲများတွင် ပြိုင်ဘက်များအနေနှင့် VAR စနစ်ထံမှ အကူအညီ အထောက်အပံ့ရနိုင်ရန် မမျှော်လင့်သင့်ကြောင်း လှောင်ပြောင်သရော်သွားခဲ့သည်ဟု The Sun က ဖော်ပြထားသည်။