News

POST TAGGED AS

WORLD CUP

11-Jul-2018 tagged as Soccer World Cup France
ပြင်သစ်က ဘယ်လ်ဂျီယံကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အပြီးတွင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် အောင်ပွဲခံ ပြင်သစ်ဘောလုံးပရိသတ်များနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့ခဲ့ကြပြီး နိုက်စ်မြို့တွင် မီးရှူးမီးပန်းပေါက်ကွဲမှုကြောင့် လူ ၃၀ ထိခိုက်ဒဏ်ရာရသွားခဲ့ကြောင်း Mail Online က ဖော်ပြထားသည်။
ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းသည် သမ်လန်းလှိုဏ်ဂူအတွင်းမှ ဘေးမသီ ရန်မဘဲ အသက်ရှင်လျက်နှင့် လွတ်မြောက်လာသော ကလေးငယ် ၁၂ ဦးနှင့် ဘောလုံးနည်းပြ အပါအ၀င် ကယ်ဆယ်ရေးလုပ်ငန်းတွင် ပါဝင်ခဲ့သူများအားလုံးကို လာမည့်ဘောလုံးရာသီတွင် အသင်းပိုင် အိုးလ်ထရက်ဖို့ဒ်ဘောလုံးကွင်းသို့ လာရောက်၍ အသင်းယှဉ်ပြိုင်ကစားသော ပွဲစဉ်တစ်ပွဲကို တက်ရောက်ကြည့်ရှုအားပေးရန် အသင်းပိုင် လူမှုကွန်ရက်စာမျက်နှာများကတစ်ဆင့် တရားဝင်ဖိတ်ကြားထားပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
10-Jul-2018 tagged as Soccer World Cup England Gordon Banks
၁၉၆၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်း ချန်ပီယံဖြစ်ခဲ့ရာ၌ အဓိကကစားသမားအဖြစ် ပါဝင်ခဲ့သော ဂန္ထ၀င်ဂိုးသမားကြီး ဂေါ်ဒွန်ဘင့်ခ်သည် ယင်းကမ္ဘာ့ဖလားချန်ပီယံအသင်းတွင် ပါဝင်ခဲ့သော ကစားသမားများမှာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)ထံမှနေ၍ ထိုက်တန်သော ဂုဏ်ပြုဆက်ဆံမှုတစ်ရပ်ကို မရရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်ဟု The Mirror က ဖော်ပြထားသည်။
10-Jul-2018 tagged as Soccer World Cup England Aldi Lidl
အင်္ဂလန်နိုင်ငံအခြေစိုက် အယ်လ်ဒီနှင့် လိုင်ဒယ်လ် ဆူပါမားကက် ကုန်တိုက်များသည် အင်္ဂလန်လက်ရွေးစင်ဘောလုံးအသင်း ကမ္ဘာ့ဖလားဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့ပါက ၎င်းတို့၏၀န်ထမ်းများ ဘောလုံးပွဲကြည့်ရှုနိုင်စေရန်အတွက် လုပ်ငန်းခွင် စောစီးစွာရပ်နား၍ အားလပ်ချိန်ပေးရန် စီစဉ်ထားကြောင်း Daily Mail က ဖော်ပြထားသည်။
10-Jul-2018 tagged as Soccer World Cup Atletico Madrid Croatia Dalic
အက်သလက်တီကိုအသင်းသည် အင်္ဂလန်နှင့် ခရိုအေးရှားတို့ ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်တွင် ညာနောက်ခံလူ ဗာဆယ်လ်ကိုကို အရဲစွန့် အသုံးမပြုရန် ခရိုအေးရှားအသင်းထံသို့ အကြောင်းကြားစာပေးပို့ထားကြောင်း Daily Mail က ဖော်ပြထားသည်။
08-Jul-2018 tagged as Soccer World Cup Spain Hierro
၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ရန် ရက်အနည်းငယ်အလိုတွင် ရီးရဲလ်မက်ဒရစ်နည်းပြရာထူးကို လက်ခံရယူလိုက်သော နည်းပြ လိုပီတွီဂီကို စပိန်ဘောလုံးအဖွဲ့ချုပ်က ရာထူးထုတ်ပယ်လိုက်သည့်အတွက် ၎င်းအစား စပိန်လက်ရွေးစင်အသင်းနည်းပြအဖြစ် တာဝန်ယူခဲ့ရသော ဟီရာရိုသည် ရာထူးနုတ်ထွက်သွားခဲ့ပြီဖြစ်ကြောင်း စပိန်ဘောလုံးအဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်လိုက်ပြီဖြစ်သည်ဟု Marca က ဖော်ပြထားသည်။
08-Jul-2018 tagged as Soccer World Cup England
ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေသည် ရုရှားနိုင်ငံတွင် ကျင်းပနေသည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ဗိုလ်လုပွဲအဆင့်သို့ အင်္ဂလန်လက်ရွေးစင်ဘောလုံးအသင်း တက်ရောက်နိုင်ခဲ့ပါက အသင်းကို အားပေးရန်အတွက် ရုရှားနိုင်ငံအပေါ် သပိတ်မှောက်ထားမှုများကို ခေတ္တရုပ်သိမ်း၍ ပွဲကြည့်ရှုရန် သွားရောက်မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
08-Jul-2018 tagged as Soccer World Cup Vida Croatia
ခရိုအေးရှားနောက်ခံကစားသမား ဗီဒါသည် ခရိုအေးရှားက ရုရှားကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရခဲ့သည့် ကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့် ပွဲစဉ်အပြီးတွင် နိုင်ငံရေးနှင့်မလွတ်ကင်းသည့် စကားရပ်များပြောကြား၍ အောင်ပွဲခံခဲ့ခြင်းကြောင့် ပွဲပယ်ပြစ်ဒဏ်ကျခံရမည့် အခြေအနေကို ရင်ဆိုင်နေရပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူးဟောင်း အီဘရာဟီမိုဗစ်သည် အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းကို အလောင်းအစားတွင် ၎င်းရှုံးနိမ့်ခဲ့ခြင်းကြောင့် သဘောတူထားသည့် လောင်းကြေးအတိုင်း ၀င်ဘလေဘောလုံးကွင်းသို့လာရောက်၍ အင်္ဂလန်လက်ရွေးစင်အသင်းဂျာစီအင်္ကျီကို ၀တ်ဆင်ကာ အင်္ဂလန်အသင်းယှဉ်ပြိုင်ကစားသည့် နိုင်ငံတကာပွဲစဉ်တစ်ပွဲကို တက်ရောက်အားပေးကြည့်ရှုပေးမည်ဟု ကတိပြုလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
08-Jul-2018 tagged as Soccer World Cup Brazil Fernandinho
ဘရာဇီးကွင်းလယ်ကစားသမား ဖာနန်ဒင်ညိုနှင့် ၎င်း၏မိသားစုဝင်များသည် ဘယ်လ်ဂျီယံက ဘရာဇီးက နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင် ဖာနန်ဒင်ညို ကိုယ့်ဂိုးကိုယ်ပြန် သွင်းမိခဲ့သောဖြစ်စဉ်နှင့်စပ်လျဉ်း၍ လူမျိုးရေးခွဲခြားခံရခြင်း၊ အသက်အန္တရာယ်ခြမ်းခြောက်ခံရခြင်းများဖြင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။