News

POST TAGGED AS

WINTER BREAK

27-Feb-2018 tagged as Soccer Premier League Winter Break
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)၊ လိဂ်ကော်မတီအစည်းအရုံးနှင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီတို့သည် ဆောင်းရာသီနားရက်ကာလ သတ်မှတ်ပေးရေးအစီအစဉ်ကို လက်ခံသဘောတူညီလိုက်ကြပြီဖြစ်ပြီး ယင်းအတွက် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီက အစပြု၍ ပရီးမီးယားလိဂ်တွင် ဆောင်းရာသီနားရက်ကာလ ရှိလာတော့မည်ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီသည် ပြိုင်ပွဲအတွက် ရုပ်သံလွှင့်စပွန်ဆာစာချုပ်သစ်ချုပ်ဆိုရာတွင် ဆောင်းရာသီနားရက်ကာလ ထည့်သွင်းသတ်မှတ်ပေးတော့မည်ဖြစ်သော်လည်း ဘောက်ဆင်းဒေးနှင့် နှစ်သစ်ကူးပွဲစဉ်များကမူ ယခုအတိုင်းပင် ဆက်လက်ရှိနေလိမ့်ဦးမည်သာဖြစ်ကြောင်း ရှင်းလင်းအသိပေးထားသည်ဟု Daily Mail က ဖော်ပြထားသည်။
06-Feb-2018 tagged as Soccer Premier League Winter Break
ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီသည် ရုပ်သံလွှင့်စာချုပ်သစ်ရောင်းချရာတွင် တင်ဒါအောင်သည့်လုပ်ငန်းစုနှင့် ညှိနှိုင်း၍ ပရီးမီးယားလိဂ်၌ ဆောင်းရာသီနားရက်ကာလတစ်ခု ဖြစ်ပေါ်လာစေရန် စီစဉ်သွားတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။