News

POST TAGGED AS

WILSHERE

အာဆင်နယ်နည်းပြ ယူနိုင်းအမ်မရီသည် အသင်းကွင်းလယ်ကို အားဖြည့်ရန်အတွက် ၎င်း၏တပည့်ဟောင်းတစ်ဦးဖြစ်သည့် ဆီဗီလာကွင်းလယ်လူ အန်ဇွန်ဇီကို ခေါ်ယူရန် ကြိုးပမ်းနေပြီဖြစ်ပြီး အန်ဇွန်ဇီအပြောင်းအရွှေ့အတွက် ဆီဗီလာနှင့် အာဆင်နယ်တို့အကြားတွင် ပြောင်းရွှေ့ကြေးညှိနှိုင်းမှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း Marca က ဖော်ပြထားသည်။
20-Jun-2018 tagged as Soccer Premier League Arsenal Wilshere
အာဆင်နယ်ကွင်းလယ်ကစားသမား ဝီလ်ရှိုင်းယားသည် အာဆင်နယ်နှင့်စာချုပ်သစ်ချုပ်တော့မည်မဟုတ်ဘဲ အသင်းပြောင်းတော့မည်ဟု အတည်ပြုလိုက်ပြီဖြစ်ကာ ယင်းအတွက် ၎င်းကိုခေါ်ယူရန် အာဆင်နယ်၏ပြိုင်ဘက် ပရီးမီးယားလိဂ်ကလပ်အသင်းအချို့က ဆက်သွယ်ဆွေးနွေးမှုများရှိနေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
အာဆင်နယ်နည်းပြ ယူနိုင်းအမ်မရီသည် လာမည့်သီတင်းပတ်အတွင်း၌ ဝီလ်ရှိုင်းယား၊ ရမ်ဆေးတို့နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံစကားပြောဆိုကာ ယင်းကစားသမားများ၏အနာဂတ်ကို ဆုံးဖြတ်သွားတော့မည်ဖြစ်ပြီး ၎င်းအနေနှင့် အသင်းရှိ ကစားသမားများ၏အခြေအနေကို ကိုင်တွယ်ဖြေရှင်းပြီးမှသာလျှင် ကစားသမားသစ်ခေါ်ယူရေးအတွက် အစီအမံများ ရေးဆွဲနိုင်လိမ့်မည်ဟု ယူနိုင်းအမ်မရီက အသိပေးထားကြောင်း Daily Star က ဖော်ပြထားသည်။
11-Apr-2018 tagged as Soccer Premier League Arsenal Wilshere
အာဆင်နယ်ကွင်းလယ်ကစားသမား ဝီလ်ရှိုင်းယားသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် အာဆင်နယ်ကို စွန့်ခွာရန် သေချာနေပြီဖြစ်ပြီး ဝီလ်ရှိုင်းယားနှင့် အာဆင်နယ်အသင်းအကြားတွင် စာချုပ်သစ်ဆွေးနွေးညှိနှိုင်းမှုမှာ မည်သို့မျှ အဆင်မပြေနိုင်တော့ကြောင်း Daily Mail က ဖော်ပြထားသည်။
18-Mar-2018 tagged as Soccer Premier League Arsenal Wilshere
အဲဗာတန်အသင်းသည် အာဆင်နယ်ကွင်းလယ်ကစားသမား ၀ီလ်ရှိုင်းယားကို လက်မှတ်ရေးထိုးခေါ်ယူရန်အတွက် ကစားသမားဖြစ်သူ အကျိုးဆောင်ကိုယ်စားလှယ်များထံ ကမ်းလှမ်းဆက်သွယ်ထားပြီဖြစ်ပြီး ၎င်းတို့၏ကမ်းလှမ်းမှုကို လက်ခံပေးမည်ဆိုပါက စာချုပ်လက်မှတ်ရေးထိုးခသီးသန့် ပေါင်ရှစ်သန်းပေးမည်ဟု ၀ီလ်ရှိုင်းယားကို အဲဗာတန်က မက်လုံးပေးထားကြောင်း Sportzmail က ဖော်ပြထားသည်။
06-Feb-2018 tagged as Soccer Arsenal Arsene Wenger Wilshere Ramsey
အာဆင်နယ်အသင်းသည် ရမ်ဆေးနှင့် ဝီလ်ရှိုင်းယားတို့ကို စာချုပ်သစ်ချုပ်ရန် ကြိုးပမ်းရာတွင် ကာယကံရှင် ကစားသမားများဘက်က လုပ်ခလစာတိုးမြှင့်တောင်းဆိုရန် အခြေအနေများရှိနေပြီဖြစ်၍ အခက်တွေ့နေရကြောင်း The Sun က ဖော်ပြထားသည်။
အာဆင်နယ်ဂိုးသမား ပီတာချက်သည် အာဆင်နယ်က အဲဗာတန်ကို ငါးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပေါင်ကြွက်သားလုံး ထိခိုက်ဒဏ်ရာရသွားခဲ့သည့်အတွက် ဆေးကုသမှုများ ခံယူနေရပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် အသင်းကွင်းလယ်ကစားသမား ဝီလ်ရှိုင်းယားမှာ အသင်းဘက်က ကမ်းလှမ်းထားသော စာချုပ်သစ်ကို လက်ခံ၍ အသင်းထံတွင် ဆက်ရှိသွားလိမ့်မည်ဟု ဖွင့်ဟအသိပေးလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
11-Jan-2018 tagged as Soccer Arsenal Wilshere Carabao Cup
အာဆင်နယ်ကွင်းလယ်ကစားသမား ဝီလ်ရှိုင်းယားသည် ချယ်လ်ဆီးနှင့် အာဆင်နယ်တို့ တစ်ဖက်နှင့် တစ်ဖက် ဂိုးမရှိသရေကျခဲ့သည့် ခရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် ခြေမျက်စိထိခိုက်ဒဏ်ရာရသွားခဲ့သည့်အတွက် လာမည့်တနင်္ဂနွေနေ့၌ ဘုန်းမောက်နှင့်ယှဉ်ပြိုင်ရမည့် ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ရဖွယ်ရှိနေပြီဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်သည် လာမည့် ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အာဆင်နယ်ကွင်းလယ်လူ ဝီလ်ရှိုင်းယားကိုခေါ်ယူရန် စောင့်ကြည့်မှုများရှိနေပြီဖြစ်ပြီး လက်ရှိတွင် အာဆင်နယ်ထံ၌ ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသည့်အတွက် ဝီလ်ရှိုင်းယားကိုယ်တိုင်ကလည်း အသင်းပြောင်းရွှေ့ရန် ဆန္ဒရှိနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။