News

POST TAGGED AS

WILLIAN

17-Aug-2018 tagged as Soccer Premier League Chelsea Willian
ချယ်လ်ဆီးအသင်းသည် မန်ယူနည်းပြ မော်ရင်ညို၏ပစ်မှတ်စာရင်းတွင် ပါရှိနေဆဲဖြစ်သော ကွင်းလယ်လူ ဝီလျံကို စာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးရန် စီစဉ်နေပြီဖြစ်ပြီး အသက် ၃၀ နှင့်အထက် ကစားသမားများကို တစ်နှစ်ချင်းအလိုက် သက်တမ်းတိုးသည့် မူဝါဒကို ဝီလျံအတွက် ခြွင်းချက်အဖြစ် ပယ်ဖျက်ပေးကာ သက်တမ်းတိုးစာချုပ် ချုပ်ဆိုရေးကို လုပ်ဆောင်သွားမည်ဟု ချယ်လ်ဆီးအသင်းတာဝန်ရှိသူတစ်ဦးက အသိပေးသွားခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။
17-Aug-2018 tagged as Soccer Premier League Chelsea Willian
ချယ်လ်ဆီးကွင်းလယ်ကစားသမား ဝီလျံသည် အသင်းနည်းပြအဖြစ် ကွန်တီသာ ဆက်ရှိနေမည်ဆိုပါက ၎င်းအတွက် ယခုကဲ့သို့သော အခွင့်အရေးမျိုး ရှိနိုင်လိမ့်မည်မဟုတ်ဟု မှတ်ချက်ပေးပြောကြားလိုက်ပြီး နည်းပြသစ် ဆာရီက ၎င်းအပေါ် ယုံကြည်မှုထားခဲ့ခြင်းကြောင့်လည်း အသင်းပြောင်းရွှေ့မည့်အစီအစဉ်ကို ဖျက်သိမ်းပစ်လိုက်ခြင်းဖြစ်ကြောင်း ဝီလျံက ဆက်လက် မှတ်ချက်ပေးသွားခဲ့သည်ဟု Daily Star က ဖော်ပြထားသည်။
မန်ယူအသင်းသည် အသင်းတိုက်စစ်တောင်ပံကစားသမား မာတီရယ်လ်နှင့် ချယ်လ်ဆီးကွင်းလယ်လူ ဝီလျံတို့ကို အလိုက်စနစ်မပါဘဲနှင့် တိုက်ရိုက်လဲလှယ်ရန် ဆွေးနွေးသွားတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူအသင်းသည် အသင်းကို အားဖြည့်ရန်အတွက် စပါးနောက်ခံလူ အယ်လ်ဒါဝိုင်ရဲလ်နှင့် ချယ်လ်ဆီးကွင်းလယ်လူ ဝီလျံတို့ကို ခေါ်ယူထားပြီဖြစ်ကြောင်း သတင်းပေါက်ကြားမှုဖြစ်ပွားခဲ့ကာ အသင်းဘက်က အတည်ပြုချက်ထုတ်ပြန်ရန်သာကျန်တော့ကြောင်း Full Time DEVILS လူမှုကွန်ရက်စာမျက်နှာက ဖော်ပြထားသည်။
မန်ယူအသင်းသည် ချယ်လ်ဆီးကွင်းလယ်ကစားသမား ဝီလျံကို ခေါ်ယူရန်အတွက် တရားဝင်ကမ်းလှမ်းမှုတစ်ရပ် စတင်ဆောင်ရွက်လိုက်ပြီဖြစ်ကာ ဝီလျံကိုခေါ်ယူရန်အတွက် မန်ယူကမ်းလှမ်းထားသော ပြောင်းရွှေ့ကြေးပမာဏမှာ ပေါင် ၆၆ သန်းဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် ကမ္ဘာ့ဖလားပြိုင်ပွဲမှနေ၍ ဘရာဇီးအသင်း ရှုံးနိမ့်ထွက်ခွာခဲ့ရအပြီးတွင် ဝီလျံအပြောင်းအရွှေ့နှင့်သက်ဆိုင်သော ဆွေးနွေးမှုများကို အရှိန်မြှင့်ဆောင်ရွက်ရန် အသင်းတာဝန်ရှိသူများကို တိုက်တွန်းလိုက်ပြီဖြစ်ပြီး ၎င်း၏တပည့်ဟောင်းဖြစ်ခဲ့ဖူးသူ ဝီလျံကို မန်ယူထံသို့ခေါ်ယူနိုင်လိမ့်မည်ဟု မော်ရင်ညိုက အခိုင်အမာ ယုံကြည်ထားဆဲဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
21-Nov-2017 tagged as Soccer Premier League Chelsea Willian
မန်ယူနည်းပြ မော်ရင်ညိုသည် ချယ်လ်ဆီးနည်းပြကွန်တီ လက်အောက်တွင် ပုံမှန်ပွဲထွက်ကစားခွင့်ရနိုင်ရန် ရုန်းကန်နေရသည့် ကွင်းလယ်လူ ဝီလျံနှင့် နောက်ခံကစားသမား ဒေးဗစ်လူးဝစ်ဇ်တို့ကို ခေါ်ယူလိုလျက်ရှိပြီး ဝီလျံကိုခေါ်ယူရန်အတွက် လွန်ခဲ့သည့် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ကတည်းကပင် မန်ယူက ဆက်သွယ်ကြိုးပမ်းခဲ့သော်လည်း ချယ်လ်ဆီးအသင်းတာဝန်ရှိသူများနှင့် ကာယကံရှင်ကစားသမားဖြစ်သူတို့က ငြင်းဆန်ပယ်ချခဲ့သည့်အတွက် အပြောင်းအရွှေ့ အထမမြောက်ခဲ့ခြင်းဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။