News

POST TAGGED AS

WEST HAM

15-Jul-2018 tagged as Soccer Premier League West Ham Anderson
ဝက်စ်ဟမ်းနည်းပြသစ် ပယ်လီဂရီနီသည် အသင်းကွင်းလယ်ကို အင်အားဖြည့်တင်းရန်အတွက် လာဇီယိုကွင်းလယ်လူ အန်ဒါဆန်ကို အသင်းသမိုင်းကြောင်းတစ်လျှောက် စံချိန်တင်ပြောင်းရွှေ့ကြေးပမာဏဖြစ်သည့် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၄၅ သန်းအသုံးပြု၍ ခေါ်ယူလိုက်ပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
ဝက်စ်ဟမ်းအသင်းသည် တူးလော့စ်နောက်ခံလူ အစ်ဆာ ဒိုင်အော့ပ်နှင့် ဆွမ်ဆီးဂိုးသမား ဖေဘီယန်စကီးတို့ကို ခေါ်ယူ၍ အသင်းကို အင်အားဖြည့်တင်းလိုက်ပြီဖြစ်ပြီး ဖေဘီယန်စကီး ရောက်ရှိလာခြင်းကြောင့် လက်ရှိဝက်စ်ဟမ်းပွဲထွက်ဂိုးသမား အက်ဒရီယန်မှာ အသင်းပြောင်းရန် ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်ကြောင်း Mail Online က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် သြစတြီးယားက ရုရှားကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော နိုင်ငံတကာခြေစမ်းပွဲကို တက်ရောက်ကြည့်ရှုရန် သြစတြီးယားနိုင်ငံသို့ သွားရောက်ခဲ့ပြီး ယင်းပွဲစဉ်ကို မော်ရင်ညို သွားရောက်ကြည့်ရှုခဲ့သည်မှာ သြစတြီးယားတိုက်စစ်မှူး အာနူတိုဗစ်၏ခြေစွမ်းကို အကဲခတ်လို၍ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
23-May-2018 tagged as Soccer Premier League West Ham Pellegrino
ဝက်စ်ဟမ်းအသင်းကို ပူးတွဲပိုင်ဆိုင်ထားသည့် ဒေးဗစ်ဂိုးလ်နှင့် ဒေးဗစ်ဆူလီဗန်တို့သည် အသင်းနည်းပြသစ် ပယ်လီဂရီနီကို လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ကစားသမားသစ်များခေါ်ယူစုစည်းရန်အတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၇၅ သန်းပေးရန် စီစဉ်ထားကြောင်း The Mirror က ဖော်ပြထားသည်။
ဝက်စ်ဟမ်းအသင်းတာဝန်ရှိသူများသည် အသင်းနည်းပြသစ်အဖြစ် အသက် ၆၄ နှစ်အရွယ်ရှိနေပြီဖြစ်သော မန်စီးတီးနည်းပြဟောင်း ပယ်လီဂရီနီကို သုံးနှစ်သက်တမ်းစာချုပ်တစ်ရပ်ဖြင့် ခန့်အပ်တာဝန်ပေးလိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
13-May-2018 tagged as Soccer Premier League West Ham David Moyes
ဝက်စ်ဟမ်းအသင်းကို တာဝန်ယူကိုင်တွယ်နေသည့် မန်ယူနည်းပြဟောင်း ဒေးဗစ်မိုယက်စ်သည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် ရာထူးနုတ်ထွက်ရန် စီစဉ်နေပြီဖြစ်ပြီး ၎င်းအနေနှင့် လာမည့်အနာဂတ်တွင် ထိပ်သီးခြောက်သင်းစာရင်းဝင် ပရီးမီးယားလိဂ်အသင်းများကိုသာ ဦးဆောင်လိုတော့သည်ဟုလည်း မိုယက်စ်က အသိပေးထားပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
08-Feb-2018 tagged as Soccer Premier League West Ham Evra
ပရီးမီးယားလိဂ်ကလပ် ၀က်စ်ဟမ်းအသင်းသည် ကလပ်လပ်မဲ့ဖြစ်နေသည့် မန်ယူဘယ်နောက်ခံကစားသမားဟောင်း အီဗရာကို လက်မှတ်ရေးထိုးခေါ်ယူလိုက်ပြီဖြစ်ကာ အီဗရာမှာ ကွင်းလယ်လူဟောင်း ပါယက်ဝတ်ဆင်ခဲ့သည့် ကျောနံပါတ် ၂၇ ကို ၀တ်ဆင်၍ အသင်းအတွက် ကစားပေးသွားလိမ့်မည်ဖြစ်ကြောင်း ၀က်စ်ဟမ်းက ထုတ်ပြန်ကြေညာထားသည်ဟု Sportmail က ဖော်ပြထားသည်။
24-Dec-2017 tagged as Soccer Premier League West Ham Joe Hart
မန်စီးတီးမှနေ၍ ၀က်စ်ဟမ်းထံသို့ အငှားဖြင့် လာရောက်ကစားနေသည့် ဂိုးသမားဂျိုးဟတ်သည် လက်ရှိတွင် နည်းပြ ဒေးဗစ်မိုယက်စ်လက်အောက်၌ ပုံမှန်ပွဲထွက်ကစားခွင့်ရရှိရန် ရုန်းကန်ရမည့်အခြေအနေများ ဖြစ်ပေါ်လာသည့်အတွက် လာမည့် ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ၀က်စ်ဟမ်းကို စွန့်ခွာ၍ ၎င်းအောင်မြင်မှု ရရှိခဲ့ဖူးသော အီတလီစီးရီးအေထံသို့ တစ်ကျော့ပြန်လည် ပြောင်းရွှေ့ကစားရန် စီစဉ်နေပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
14-Dec-2017 tagged as Soccer Premier League West Ham David Moyes
ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်သည် ၀က်စ်ဟမ်းနှင့် အာဆင်နယ်တို့ တစ်ဖက်နှင့် တစ်ဖက် ဂိုးမရှိသရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် အသင်း၏ခံစစ်ကစားပုံမှာ ၎င်းင်းအလိုရှိသကဲ့သို့ တဖြည်းဖြည်းချင်း တိုးတက်လာခဲ့ပြီဖြစ်ကြောင်း ချီးကျူးစကား ပြောကြားသွားခဲ့ပြီး အသင်းကစားသမားများမှာ မန်စီးတီးကို နှစ်ဂိုး တစ်ဂိုးဖြင့် အရေးနိမ့်ခဲ့ရသည့်ပွဲစဉ်ကစ၍ ယုံကြည်ချက်အပြည့်ဖြင့် ကစားလာနိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဒေးဗစ်မိုယက်စ်က ဆက်လက် မှတ်ချက်ပေးသွားခဲ့သေးသည်ဟု Daily Star က ဖော်ပြထားသည်။
ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်သည် လာမည့် ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အာဆင်နယ်ကွင်းလယ်လူ ဝီလ်ရှိုင်းယားကိုခေါ်ယူရန် စောင့်ကြည့်မှုများရှိနေပြီဖြစ်ပြီး လက်ရှိတွင် အာဆင်နယ်ထံ၌ ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသည့်အတွက် ဝီလ်ရှိုင်းယားကိုယ်တိုင်ကလည်း အသင်းပြောင်းရွှေ့ရန် ဆန္ဒရှိနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။