News

POST TAGGED AS

WEST BROM

17-Feb-2018 tagged as Soccer Premier League West Brom
ဝက်စ်ဘရွန်းကစားသမားများဖြစ်ကြသည့် အီဗန်စ်၊ ဂါရတ်သ်ဘယ်ရီ၊ လီဗာမိုးနှင့် မိုင်ဟေးလ်တို့သည် စပိန်နိုင်ငံ ဘာစီလိုနာမြို့သို့ ဆောင်းရာသီလေ့ကျင့်ရေးခရီးစဉ်သွားရောက်ခဲ့ရာတွင် အငှားယာဉ်တစ်စီးကို ခိုးယူမောင်းနှင်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့၏စုံစမ်းစစ်ဆေးခြင်းဖြင့် ရင်ဆိုင်ခဲ့ကြရကြောင်း Sportmail က ဖော်ပြထားသည်။
ဝက်စ်ဘရွန်းနည်းပြ အလန်ပါဂျူးသည် ၀က်စ်ဘရွန်းက လီဗာပူးကို သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်တွင် ဗီဒီယိုလက်ထောက်ဒိုင်လူကြီး(VAR)စနစ်၏ချို့ယွင်းချက်များကြောင့် ၎င်းတို့အနေနှင့် လွန်စွာထိခိုက်နစ်နာခဲ့ရသည်ဟု ပြစ်တင်ဝေဖန်သွားခဲ့ပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)တာဝန်ရှိသူများဘက်က VAR စနစ်အသုံးပြုခြင်းကို ပြန်လည်သုံးသပ်ဆန်းစစ်သင့်ကြောင်းလည်း အလန်ပါဂျူးက ဆက်လက် တိုက်တွန်းသွားခဲ့သေးသည်ဟု Daily Mail က ဖော်ပြထားသည်။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် ၀က်စ်ဘရွန်းက ဘရိုက်တန်ကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ၀က်စ်ဘရွန်းတိုက်စစ်မှူး ဂျေးရိုဒရီဂွက်ဇ်က ဘရိုက်တန်ခံစစ်မှူး ဂေးတန်ဘောင်ကို လူမျိုးရေးခွဲခြားစော်ကားခဲ့သည့်လုပ်ရပ်ကို စွဲချက်တင်လိုက်ပြီဖြစ်ပြီး ပြစ်မှုထင်ရှားကြောင်း သတ်မှတ်ခံခဲ့ရပါက ဂျေးရိုဒရီဂွက်ဇ်မှာ ပွဲပယ်ပြစ်ဒဏ် ကျခံရလိမ့်မည်ဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
29-Nov-2017 tagged as Soccer Premier League West Brom Alan Pardew
ဝက်စ်ဘရွန်းအသင်းတာဝန်ရှိသူများသည် ရာထူးထုတ်ပယ်လိုက်သည့် နည်းပြတိုနီပူးလစ်၏ကွက်လပ်ကို အစားဖြည့်ရန်အတွက် ပရီးမီးယားလိဂ်ဝါရင့်နည်းပြတစ်ဦးဖြစ်သည့် အလန်ပါဂျူးကို ခေါ်ယူခန့်အပ်လိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
07-Nov-2017 tagged as Soccer Premier League West Brom Tony Pulis
ဝက်စ်ဘရွန်းနည်းပြ တိုနီပူးလစ်သည် နိုင်ပွဲပျောက်ဆုံးမှု ရှည်ကြာလာခဲ့သည့်အတွက် ရာထူးထုတ်ပယ်ခံရရန် နီးစပ်နေပြီဖြစ်ကာ လာမည့်နိုဝင်ဘာလ ၁၈ ရက်နေ့တွင် လက်ရှိချန်ပီယံ ချယ်လ်ဆီးနှင့်ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ၀က်စ်ဘရွန်းအသင်း ရလဒ်ထပ်မံဆိုးရွားခဲ့မည်ဆိုပါက တိုနီပူးလစ်ကို ရာထူးထုတ်ပယ်၍ နည်းပြသစ်တစ်ဦး ခန့်အပ်ရန် ၀က်စ်ဘရွန်းအသင်းတာဝန်ရှိသူများက စီစဉ်ကြတော့မည်ဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။