News

POST TAGGED AS

WATER BUS

21-Jun-2018 tagged as ရန်ကုန် Water Bus
ရန်ကုန်မြစ်အတွင်း ဗိုလ်တထောင်-အင်းစိန် ပြေးဆွဲနေသော ရေကြောင်းဘတ်စ်သည် ယနေ့ (ဇွန်လ ၂၂) ရက်မှစ၍ ခရီးစဉ်သစ်နှစ်ခုကို ထပ်တိုး ပြေးဆွဲမည်ဖြစ်ကြောင်း တင့်တင့်မြန်မာ ကုမ္ပဏီက သတင်းထုတ်ပြန်သည်။
03-Apr-2018 tagged as ရန်ကုန် Water Bus
ရန်ကုန်မြစ်အတွင်း ရေကြောင်းဘတ်စ် ပြေးဆွဲနေသော တင့်တင့်မြန်မာကုမ္ပဏီအနေနှင့် ဧပြီလ ၁ ရက်မှစ၍ ရန်ကုန် ပင်လယ်ဝ ညနေဆည်းဆာခရီးစဉ်သစ်ကို စတင်ပြေးဆွဲခဲ့ကြောင်း အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
28-Mar-2018 tagged as ရန်ကုန် Water Bus
ရန်ကုန်မြစ်တွင်း ရေကြောင်းဘတ်စ် ပြေးဆွဲလျက်ရှိသော တင့်တင့်မြန်မာကုမ္ပဏီက ဒုတိယမြောက်ဘုရားဖူးခရီးစဉ်ဖြစ်သော တွံတေးရွှေဆံတော်ဘုရားဖူးခရီးစဉ်ကို မတ်လ ၂၇ ရက်က စတင်ပြေးဆွဲခဲ့ရာ လူ ၁၀၀ ကျော် စီးနင်းလိုက်ပါခဲ့ကြောင်း အဆိုပါ ကုမ္ပဏီတာဝန်ရှိသူက ပြောကြားသည်။
26-Mar-2018 tagged as ရန်ကုန် Water Bus
ရန်ကုန်မြစ်တွင်းပြေးဆွဲနေသည့် ရေကြောင်းဘတ်စ် (Water-Bus) ကုမ္ပဏီက မတ်လ ၂၇ ရက်မှစ၍ တွံတေးရွှေဆံတော် ဘုရားခရီးစဉ်ကို ပြေးဆွဲမည်ဖြစ်ကြောင်း တင့်တင့်မြန်မာကုမ္ပဏီမန်နေဂျာ ဦးငွေဖြိုးပိုင်က ပြောကြားသည်။
ရန်ကုန်မြစ်အတွင်း ဗိုလ်တထောင်မှ အင်းစိန်သို့ပြေးဆွဲနေသော ပထမဆုံး ရေကြောင်းဘတ်စ်အနေနှင့် ထပ်မံ၍ လှိုင်သာယာခရီးစဉ်အတွက် ဆိပ်ကမ်း ၁၃ ခုကို တည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း တင့်တင့်မြန်မာကုမ္ပဏီထံမှ သိရသည်။
ရန်ကုန်မြစ်အတွင်း ဗိုလ်တထောင်မှ အင်းစိန်သို့ ပြေးဆွဲလျက်ရှိသော ရေကြောင်းဘတ်စ်ခရီးစဉ်တွင် နောက်ထပ် သင်္ဘောရှစ်စင်းကို လာမည့်လအတွင်း ထပ်တိုးပြေးဆွဲမည်ဖြစ်ကြောင်း တင့်တင့်မြန်မာကုမ္ပဏီထံမှ သိရသည်။
07-Jan-2018 tagged as ရန်ကုန် Water Bus
ရန်ကုန်မြစ်နှင့် ပုဇွန်တောင်ချောင်းဆုံရာ သန်လျင်မြို့နယ်ဘက်ခြမ်းသို့ ရေကြောင်းဘတ်စ် တိုးချဲ့ပြေးဆွဲရန် ရေလမ်းကြောင်းသစ် ရှာဖွေလျက်ရှိကြောင်း တင့်တင့် မြန်မာကုမ္ပဏီထံမှ သိရသည်။
21-Oct-2017 tagged as ရန်ကုန် Water Bus
ရန်ကုန်မြစ်တွင်း ပြေးဆွဲနေသော ရေကြောင်းဘတ်စ်ပေါ်၌ မဖွယ်မရာပြုလုပ်သော သမီးရည်းစား စုံတွဲအချို့နှင့် မူးယစ်သောက်စားထားသူ အချို့ကြောင့် သင်္ဘောစီး ခရီးသည်များ စိတ်အနှောင့်အယှက်ဖြစ်ကြရကြောင်း ရေကြောင်းဘတ်စ်စီးနင်းသည့် ခရီးသည်များထံမှ သိရသည်။
19-Oct-2017 tagged as ရန်ကုန် Water Bus
Yangon Water Bus ပြေးဆွဲခဲ့သည့် နှစ်ပတ်နီးပါး၌ (၁၃ ရက်အတွင်း) ခရီးသည် စီးနင်းမှု များပြားခဲ့သော်လည်း ရုံးတက်၊ ရုံးဆင်း ဝန်ထမ်းများထက် အပျော်စီး ခရီးသည် ပိုမိုများပြားကြောင်း တင့်တင့်မြန်မာ ကုမ္ပဏီထံမှ သိရသည်။
12-Oct-2017 tagged as Water Bus
ရန်ကုန်မြစ်အတွင်း ပထမဆုံး ပြေးဆွဲနေသည့် ရေကြောင်းဘတ်စ်ပေါ်တွင် ကျပ် ၄၅၀ တန် ထမင်းဘူးများ အောက်တိုဘာလ ၁၂ ရက်က စတင် ရောင်းချပေးလျက်ရှိကြောင်း တင့်တင့်မြန်မာကုမ္ပဏီထံမှ သိရသည်။