News

POST TAGGED AS

VALVARDE

ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီသည် ဥရောပထိပ်တန်းလိဂ် ဘောလုံးပြိုင်ပွဲကြီး ငါးခုအနက်တွင် တစ်ခုအပါအ၀င်ဖြစ်သော လာလီဂါပြိုင်ပွဲ၌ ခေတ်သစ်နည်းပညာများကို ထည့်သွင်းအသုံးပြု၍ ပြိုင်ပွဲကို အဆင့်မြှင့်တင်ရန် အချိန်တန်နေပြီဟု ဝေဖန်ထောက်ပြလိုက်ပြီဖြစ်ကာ ဗယ်လ်ဗာဒီမှာ ဗလင်စီယာနှင့် ဘာစီလိုနာတို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည့် လာလီဂါပွဲစဉ်တွင် မက်ဆီ၏သွင်းဂိုးကို ဒိုင်လူကြီး ဗီလာနျူးဗာက ခွင့်မပြုခဲ့ခြင်းအတွက် မကျေနပ်မှုများရှိနေကြောင်း Daily Star က ဖော်ပြထားသည်။
ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီသည် ဂျူဗင်တပ်နှင့် ဘာစီလိုနာတို့ တစ်ဖက်နှင့် တစ်ဖက် ဂိုးမရှိသရေကျခဲ့သည့် ချန်ပီယံလိဂ်အုပ်စုအဆင့် ဒုတိယအကျော့ပွဲစဉ်တွင် တိုက်စစ်မှူး မက်ဆီကို အရန်အဖြစ် ထားရှိအသုံးပြုရန် ၎င်းအနေနှင့် ခက်ခက်ခဲခဲ ဆုံးဖြတ်လိုက်ရခြင်းဖြစ်သည်ဟု ဖွင့်ဟ၀န်ခံသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။