News

POST TAGGED AS

VALENCIA

ဗလင်စီယာအသင်းထံသို့ အငှားသွားရောက်ကစားနေသည့် မန်ယူကွင်းလယ်ကစားသမား ပီရိုင်းရာသည် အခွင့်ရနိုင်မည်ဆိုပါက လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် မန်ယူထံသို့ ပြန်လည်သွားရောက်ပူးပေါင်း၍ နည်းပြ မော်ရင်ညိုလက်အောက်တွင် ကစားလိုစိတ်ရှိနေကြောင်း Daily Star က ဖော်ပြထားသည်။
အသက် ၂၃ နှစ်အရွယ်ရှိ အမည်မဖော်လိုသော ကိုယ်ဟန်ပြမယ် မော်ဒယ်တစ်ဦးသည် မန်ယူနောက်ခံလူ ဗလင်စီယာက သူမကို အိမ်ထောင်နှင့်ကွဲသွားပြီဟု လိမ်ညာ၍ ပတ်သက်ခဲ့ဖူးကြောင်း ဖွင့်ဟအသိပေးလိုက်ပြီး ဗလင်စီယာမှာ သူမ၏အိမ်သို့ မကြာခဏ အလည်အပတ်လာရောက်ခဲ့ဖူးကြောင်းလည်း ယင်းကိုယ်ဟန်ပြမယ်က ဆက်လက် အသိပေးသွားခဲ့သေးသည်ဟု The Sun က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် မန်ယူက ၀က်စ်ဘရွန်းကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် တံကောက်ကြောထိခိုက်ဒဏ်ရာရသွာခဲ့သော မန်ယူအသင်းခေါင်းဆောင် ဗလင်စီယာမှာ ခရစ္စမတ်ပွဲကျပ်ကာလ ပွဲစဉ်များတွင် အသင်းအတွက် ပါဝင်ကစားပေးနိုင်တော့မည်မဟုတ်ဟု အတည်ပြုပြောကြားလိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် မန်ယူက ၀က်စ်ဘရွန်းကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် မန်ယူနောက်ခံလူ ဗလင်စီယာ တံကောက်ကြောဒဏ်ရာ ရရှိသွားခဲ့သည့်ဖြစ်ရပ်မှာ ပွဲဆက်များခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းများ မြင့်တက်လာချိန်တွင် ဖြစ်လေ့ဖြစ်ထရှိသည့် အခြေအနေမျိုးသာဖြစ်ကြောင်း ရှင်းလင်းပြောကြားသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။