News

POST TAGGED AS

VAR SYSTEM

22-Aug-2018

Soccer Champions League VAR System
ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်မှစ၍ VAR စနစ်ကို အသုံးပြုတော့မည်

ဇူးရစ်ခ်ျ၊ သြဂုတ် ၂၂

ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)သည် ၎င်းတို့ကြီးမှူးကျင်းပနေသည့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်ကစ၍ ဗီဒီယိုလက်ထောက်ဒိုင်လူကြီးစနစ်(VAR စနစ်)ကို စတင် အသက်သွင်း အသုံးပြုသွားတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ယူအီးအက်ဖ်အေသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်ကစ၍ ဗိုလ်လုပွဲအထိတိုင် ဗီဒီယိုလက်ထောက်ဒိုင်လူကြီးစနစ်ကို အသုံးပြုသွားမည်ဖြစ်ပြီး ယူရိုပါလိဂ်ပြိုင်ပွဲတွင် ဗီဒီယိုဒိုင်လူကြီးစနစ် အသုံးပြု၊ မပြုဆိုခြင်းကိုမူ ပြန်လည်သုံးသပ်ရလိမ့်ဦးမည်ဟု ယူအီးအက်ဖ်အေက အသိပေးထားသည်။

ယူအီးအက်ဖ်အေသည် ကျင်းပပြီးစီးခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗီဒီယိုလက်ထောက်ဒိုင်လူကြီးစနစ်က ပွဲကြီးကြပ်ရသောဒိုင်လူကြီးများကို အကူအညီ များစွာပေးအပ်နိုင်ခဲ့သည်ဟု အခိုင်အမာ ယုံကြည်နေပြီး ဗီဒီယိုလက်ထောက်ဒိုင်လူကြီးစနစ်ကြောင့် အငြင်းပွားဖွယ်အခြေအနေများတွင် မှန်ကန်သည့်ဆုံးဖြတ်ချက်ကို ကွင်းလယ်ဒိုင်လူကြီးများ ချမှတ်နိုင်ခဲ့သည်မှာ ၉၅ ရာခိုင်နှုန်းအထိ ရှိခဲ့သည်ဟု ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရေးကော်မတီက ထုတ်ပြန်ကြေညာထားပြီလည်းဖြစ်သည်။




FOLLOW US