News

POST TAGGED AS

UNAI EMERY

22-May-2018 tagged as Soccer Premier League Arsenal Unai Emery
အာဆင်နယ်အသင်းသည် ပီအက်စ်ဂျီနည်းပြဟောင်း ယူနိုင်းအမ်မရီကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ရန် သေချာသွားခဲ့ပြီဖြစ်ပြီး ယူနိုင်းအမ်မရီကို အသင်းနည်းပြအဖြစ် မိတ်ဆက်သည့်အခမ်းအနားအား လာမည့် ၇၂ နာရီအတွင်း အာဆင်နယ်က ကျင်းပသွားတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
22-May-2018 tagged as Soccer Premier League Arsenal Unai Emery
အာဆင်နယ်အသင်းဒါရိုက်တာဘုတ်အဖွဲ့သည် ပီအက်စ်ဂျီအသင်းနှင့် လမ်းခွဲခဲ့သော နည်းပြ ယူနိုင်းအမ်မရီကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ရန် သေချာလုနီးပါးရှိနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်းနှင့် လမ်းခွဲခဲ့သော နည်းပြ ယူနိုင်းအမ်မရီသည် လက်ရှိတွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့သို့ ရောက်ရှိနေပြီး ယူနိုင်းအမ်မရီမှာ လစ်လပ်လျက်ရှိသော အာဆင်နယ်နည်းပြရာထူးအတွက် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်ရန်အတွက် လန်ဒန်မြို့သို့ ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်ဟု Daily Mail က ဖော်ပြထားသည်။