News

POST TAGGED AS

UNAI EMERY

23-Jul-2018

Soccer Ozil Germany
လက်ရွေးစင်ကစားသမားဘ၀ကို အိုဇေးလ် ကျောခိုင်း၊ နိုင်ငံရေးဝါဒဖြန့်မှုများ၏သားကောင်ဖြစ်ခဲ့ရသည်ဟု ဖွင့်ဟ

မြူးနစ်၊ ဇူလိုင် ၂၃

အာဆင်နယ်ကွင်းလယ်ကစားသမား အိုဇေးလ်သည် ၎င်းအနေနှင့် ဂျာမနီလက်ရွေးစင်ကစားသမားဘ၀ဖြတ်သန်းမှုကို အဆုံးသတ်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာချက် ထုတ်ပြန်သွားခဲ့ပြီဖြစ်ပြီး ၎င်းမှာ နိုင်ငံရေးဝါဒဖြန့်မှုများ၏သားကောင်ဘ၀သို့ ကျရောက်ခဲ့ရခြင်းကြောင့် ယခုဆုံးဖြတ်ချက်ကို ချမှတ်လိုက်ခြင်းဖြစ်သည်ဟုလည်း အိုဇေးလ်က ရှင်းပြသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

အိုဇေးလ်သည် ၎င်းအနေနှင့် ဂျာမနီလက်ရွေးစင်အသင်းဝတ်စုံကို ဂုဏ်ယူမြတ်နိုးမှုအပြည့်ဖြင့် ၀တ်ဆင်ကာ ကစားပေးခဲ့ခြင်းဖြစ်ကြောင်း အသိပေးသွားခဲ့ပြီး လက်ရွေးစင်ကစားသမားဘ၀ကို ကျောခိုင်းရန် ဆုံးဖြတ်လိုက်ချိန်တွင် အိုဇေးလ်၏အသက်မှာ ၂၉ နှစ်သာ ရှိသေးသည်။

အိုဇေးလ်သည် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂျာမနီလက်ရွေးစင်အသင်း နှစ်ပေါင်း ၈၀ အတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှနေ၍ ပထမဆုံးအကြိမ်အဖြစ် ရှုံးနိမ့်ထွက်ခွာလိုက်ရခြင်းအတွက် ၎င်းကို အပြစ်သားတစ်ဦးသဖွယ် ဆက်ဆံမှုများရှိနေသည်ကို လွန်စွာ စိတ်ပျက်မိပါကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့ကာ အသင်းအတွက် အကောင်းဆုံးပေးဆပ်ခဲ့စဉ်ကာလက ထိုက်တန်သောဂုဏ်ပြုမှုကို မရရှိခဲ့သည့်အတွက် လွန်စွာ ၀မ်းနည်းရကြောင်းလည်း အိုဇေးလ်က အသိပေးသွားခဲ့သေးသည်။

အိုဇေးလ်သည် ကမ္ဘာ့ဖလားပြိုင်ပွဲမစတင်မီတွင် ဂျာမနီလက်ရွေးစင်အသင်းဖော် ဂန်ဒိုဂန်နှင့်အတူ လန်ဒန်မြို့သို့ တူရကီသမ္မတ အာဒိုဂန် လာရောက်ခဲ့သည်ကို သွားရောက်တွေ့ဆုံကာ အင်္ကျီလက်ဆောင်ပေးပြီး သမ္မတ အာဒိုဂန်ကို ယုံကြည်ကြောင်းနှင့် ထောက်ခံကြောင်း စကားများပြောကြားခဲ့သည့်အတွက် ပြစ်တင်ဝေဖန်ခံလိုက်ရခြင်းဖြစ်သည်။




FOLLOW US