News

POST TAGGED AS

UNAI EMERY

22-May-2018

Soccer Premier League Arsenal Unai Emery
ယူနိုင်းအမ်မရီကို လာမည့် ၇၂ နာရီအတွင်း အသင်းနည်းပြသစ်အဖြစ် အာဆင်နယ် ကြေညာတော့မည်

လန်ဒန်၊ မေ ၂၂

အာဆင်နယ်အသင်းသည် ပီအက်စ်ဂျီနည်းပြဟောင်း ယူနိုင်းအမ်မရီကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ရန် သေချာသွားခဲ့ပြီဖြစ်ပြီး ယူနိုင်းအမ်မရီကို အသင်းနည်းပြအဖြစ် မိတ်ဆက်သည့်အခမ်းအနားအား လာမည့် ၇၂ နာရီအတွင်း အာဆင်နယ်က ကျင်းပသွားတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

အသက် ၄၆ နှစ်အရွယ်ရှိ ယူနိုင်းအမ်မရီသည် လွန်ခဲ့သည့် တနင်္လာနေ့၌ အာဆင်နယ်အသင်းအခြေစိုက်ရာ လန်ဒန်မြို့သို့ ရောက်ရှိလာခဲ့ပြီး အာဆင်နယ်နည်းပြရာထူးအတွက် အသင်းအမှုဆောင်အရာရှိချုပ် ဂါဇီဒစ်နှင့် ဆွေးနွေးခဲ့ကာ လက်ရှိတွင် နှစ်ဦးနှစ်ဖက်အကြား၌ အပြီးသတ် သဘောတူညီမှုတစ်ခု ရသွားခဲ့ပြီဖြစ်ကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်နေပြီဖြစ်သည်။

အာဆင်နယ်သည် နည်းပြယူနိုင်းအမ်မရီကို တစ်နှစ်လုပ်ခလစာ ပေါင်ငါးသန်း ပေးချေမည့် သုံးနှစ်သက်တမ်းစာချုပ်လက်မှတ်ရေးထိုး ချုပ်ဆိုသွားလိမ့်မည်ဖြစ်ကာ ဆီဗီလာနှင့် ဗလင်စီယာတို့ကို တာဝန်ယူခဲ့စဉ်ကာလအတွင်း ငွေကြေးအသုံးပြုမှု အနည်းငယ်မျှဖြင့် အသင်းကြီးများကို ယှဉ်နိုင်စေရန် ၎င်း၏အသင်းများကို စုဖွဲ့ပုံပေါ်နိုင်ခဲ့သည့် ယူနိုင်းအမ်မရီ၏အရည်အချင်းကို အာဆင်နယ်အသင်းဒါရိုက်တာဘုတ်အဖွဲ့က လွန်စွာ သဘောကျလျက်ရှိသည်။

အာဆင်နယ်သည် ယခုမတိုင်မီတွင် အသင်းကစားသမားဟောင်းတစ်ဦးဖြစ်သော အာတီတာကို အာစင်ဝင်းဂါး၏နေရာတွင် အစားထိုး၍ အသင်းနည်းပြသစ်အဖြစ် ရာထူးဆက်ခံစေရန် ညှိနှိုင်းဆွေးနွေးရာ၌ အလားအလာကောင်းတစ်ချို့ ပိုင်ဆိုင်ခဲ့သေးကာ နောက်ဆုံးအဆင့်ဆွေးနွေးရာ၌ အာတီတာက ကစားသမားအပြောင်းအရွှေ့ဆိုင်ရာကိစ္စရပ်များအားလုံးကို ၎င်းအား ထိန်းချုပ်ခွင့် အပြည့်အ၀ပေးအပ်ရန်နှင့် အပြောင်းအရွှေ့အသုံးစရိတ်ကို ပေါင်သန်း ၅၀ ထက် ပို၍ပေးအပ်ရန် တောင်းဆိုခြင်းများကြောင့် အာဆင်နယ်အသင်းတာဝန်ရှိသူများက ဆွေးနွေးမှုများကို ရပ်ဆိုင်းကာ ယူနိုင်းအမ်မရီဘက်သို့ ဦးလှည့်လိုက်ခြင်းဖြစ်သည်။




FOLLOW US