News

20-Jun-2017

KIO UNFC
UNFC ညီလာခံကို လက်နက်ကိုင်သုံးဖွဲ့ မတက်ရောက်
ရန်ကုန်၊ ဇွန် ၂၀

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ညီလာခံကို ဇွန်လ ၂၀ ရက်တွင် စတင်ကျင်းပခဲ့ပြီး ညီလာခံတွင် UNFC မှ နုတ်ထွက်ခွင့် တောင်းထားသည့် လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့တက်ရောက်ခဲ့ခြင်းမရှိကြောင်း UNFC ထံမှသိရသည်။

UNFC ထံမှ နုတ်ထွက်စာ တင်ထားသည့်အဖွဲ့ လေးဖွဲ့အနက် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က တက်ရောက်ခဲ့ပြီး တအာင်း/ပလောင် (TNLA)၊ ကိုးကန့် (MNDAA) နှင့် “ဝ” အမျိုးသား အဖွဲ့ချုပ် (WNO) အဖွဲ့ သုံးဖွဲ့တို့ တက်ရောက်ခဲ့ခြင်းမရှိပေ။

တအာင်း/ပလောင်နှင့် ကိုးကန့် အဖွဲ့များက စစ်ရေး အခြေအနေများကြောင့် တက်ရောက်နိုင်ခြင်း မရှိကြောင်း အကြောင်းပြန်ကြားခဲ့သည်။

UNFC ညီလာခံကို လာမည့်ဇွန်လ ၂၀ ရက်နေ့မှ ၂၉ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ညီလာခံကို နှစ်ပိုင်းခွဲ၍ UNFC အဖွဲ့ဝင် အချင်းချင်း ဆွေးနွေးမှုနှင့် အဖွဲ့ဝင်မဟုတ်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဆွေးနွေးမှုဟူ၍ ကျင်းပသွားမည်ဖြစ်ကြောင်း UNFC ထံမှ သိရသည်။

အဆိုပါ ညီလာခံတွင် UNFC ထံမှ နုတ်ထွက်ခွင့် တောင်းထားသည့် လက်နက်ကိုင်အဖွဲ့များကို နုတ်ထွက်ခွင့် ပြု မပြုနှင့် အဖွဲ့ဝင်အသစ် လျှောက်ထားမှုများကိုလည်း ခွင့်ပြု မပြု စသည်တို့ကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း UNFC ထံမှသိရသည်။

J-08

  • VIA


FOLLOW US