News

POST TAGGED AS

TOTTENHAM

စပါးနည်းပြ ပိုချက်တီနိုသည် လာမည့်နိုဝင်ဘာလ ၁၈ ရက်နေ့၌ အာဆင်နယ်နှင့်ယှဉ်ပြိုင်ရမည့် မြောက်လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်တွင် အသင်းလူစာရင်း၌ တိုက်စစ်မှူး ဟယ်ရီကိန်း ပြန်လည်ပါဝင်လာလိမ့်မည်ဖြစ်ကြောင်း ဖွင့်ဟအသိပေးသွားခဲ့သည်ဟု Reuters က ဖော်ပြထားသည်။
စပါးအသင်းကစားသမားများဖြစ်ကြသည့် တိုက်စစ်မှူး ဟယ်ရီကိန်းနှင့် ကွင်းလယ်လူ ဟယ်ရီဝင့်ခ်တို့သည် ဂျာမနီ၊ ဘရာဇီးတို့နှင့်ယှဉ်ပြိုင်ရမည့် နိုင်ငံတကာခြေစမ်းပွဲများတွင် အင်္ဂလန်လက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ပြိုင်ပွဲကစားပေးနိုင်တော့မည် မဟုတ်ကြောင်း Daily Star က ဖော်ပြထားသည်။
05-Nov-2017 tagged as Soccer Tottenham Dele Alli
စပါးကွင်းလယ်ကစားသမား အယ်လ်လီသည် အသေးစား တံကောက်ကြောဒဏ်ရာတစ်ရပ် ရရှိထားသည့်အတွက် ဂျာမနီ၊ ဘရာဇီးတို့နှင့် ယှဉ်ပြိုင်ရမည့် နိုင်ငံတကာခြေစမ်းပွဲများတွင် အင်္ဂလန်လက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ကစားပေးနိုင်တော့မည်မဟုတ်ကြောင်း The Sun က ဖော်ပြထားသည်။
ခရစ္စတယ်ပဲလေ့စ်နည်းပြ ရွိုင်းဟော့ဒ်ဆန်သည် နည်းပြဘ၀က အနားယူသွားခဲ့ပြီဖြစ်သည့် မန်ယူနည်းပြကြီး ဖာဂူဆန်က စပါးကွင်းလယ်ကစားသမား အယ်လ်လီမှာ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ဥရောပ၏အထွန်းတောက်ဆုံးကစားသမားများအနက်တွင် တစ်ဦးအပါအ၀င် ဖြစ်လာမည့်သူဟု ၎င်းကို ပြောကြားခဲ့ဖူးကြောင်း ဖွင့်ဟအသိပေးသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
စပါးအသင်းကွင်းလယ်ကစားသမား အယ်လ်လီသည် မန်ယူက စပါးကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဘောလုံးယှဉ်လုသည့်ဖြစ်စဉ်တစ်ခု၌ မန်ယူတောင်ပံကစားသမား အက်ရှ်လေယန်းနှင့် ထိပ်တိုက်တွေ့ခဲ့ပြီး ယင်းသို့ ထိပ်တိုက်တွေ့ခဲ့ရာတွင် ၎င်းတို့နှစ်ဦးက တစ်ဦးကိုတစ်ဦး မခံမရပ် ဖြစ်လောက်ဖွယ်ရာ စကားရပ်များဖြင့် အပြန်အလှန် ထိုးနှက်တိုက်ခိုက်သွားခဲ့ကြကြောင်း The Sun က ဖော်ပြထားသည်။
27-Oct-2017 tagged as Soccer Premier League Tottenham Harry Kane
စပါးတိုက်စစ်မှူး ဟယ်ရီကိန်းသည် ၎င်းရရှိထားသည့် တံကောက်ကြောဒဏ်ရာ သက်သာပျောက်ကင်းခြင်း မရှိသေးသည့်အတွက် မနက်ဖြန်(စနေနေ့)တွင် မန်ယူနှင့်ယှဉ်ပြိုင်ကစားရမည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ အသင်းအတွက် ပွဲထွက်ကစားပေးနိုင်တော့မည်မဟုတ်ဟု စပါးအသင်းက သတင်းထုတ်ပြန်ထားပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။